တောင်တွင်းကြီးမြို့၌ (၂)ရက်တွင် ရဲသတင်းတပ်ဖွဲ့ အပါအ၀င် ရဲတပ်ဖွဲ့ ယာဉ်တိုက်မှု (၂)ကြိမ် ဖြစ်ပွား


မကွေးတိုင်း ဒေသကြီး မကွေးခရိုင် တောင်တွင်းကြီး မြို့နယ်တွင် (၂)ရက်အတွင်း ရဲသတင်းတပ်ဖွဲ့ မှ တစ်ကြိမ်၊ နယ်မြေရဲတပ်ဖွဲ့မှ တစ်ကြိမ် ယာဉ်တိုက်မှု (၂)ကြိမ်ဖြစ်ပွား ခဲ့ကြောင်း စုံစမ်းသတင်းရရှိသည်။

မှုခင်းဖြစ်ပွားမှုမှာ - ၂၈-၁-၂၀၁၅ ရက်နေ့ နေ့လည်(၁း၅၀)အချိန်ခန့် တောင်တွင်းကြီး မြို့မရဲစခန်း၏ အရှေ့မြောက်ဘက် (၃)ဖာလုံခန့် အကွာ တောင်တွင်းကြီး-မြို့သစ် ကားလမ်းမကြီး ရွှေအိုး(၁)ရပ်ကွက်၊ အ.လ.က(၂)၊ မိုးထိကျောင်းရှေ့တွင် မြောက်မှတောင်သို့ လ-၁၇၇၃၇၁ ၊ ရဲတပ်ကြပ် ကျော်ဌေးဝင်း (၄၀)နှစ် (ဘ)ဦးသန်းကြည် ၊ ရဲသတင်းတပ်ဖွဲ့ ၊ တောင်တွင်းကြီးမြို့ နေသူ မောင်းနှင်လာသော ယာဉ်အမှတ် ယာယီ-၀၀၀၁၆၅ ၊ YINXIANG-110 ၊ အနက်ရောင်ဆိုင်ကယ်မှာ အရှေ့မှ ရုတ်တရက်ကွေ့ လိုက်သော ကြောင့်  ၄င်းဆိုင်ကယ်၏ အနောက်မှ မောင်းနှင်လာသော ကိုရန်လင်း (၂၂)နှစ် (ဘ)ဦးမြ၀င်း၊ အုန်းတော(၂)ရပ်ကွက်၊အပိုင်း(၂)နေသူ မောင်းနှင်သော FOLLOW ME-110 ၊ အနက်ရောင်ဆိုင်ကယ် နောက်တွင် ရန်လင်းအောင် (၁၈)နှစ် (ဘ)ဦးပေါ်လေး၊ အုန်းတော(၂)ရပ်ကွက်၊ အပိုင်း(၄) နေသူအား တင်ဆောင် မောင်းနှင်လာသော ဆိုင်ကယ်က အနောက်မှ ၀င်ရောက်တိုက်မိခြင်း ဖြစ်ကြောင်း သိရှိရသည်။

ယာဉ်တိုက်မှုကြောင့် သတင်းတပ်ဖွဲ့မှ ကျော်ဌေးဝင်း တွင် ၀ဲလက်ဖ၀ါး၊ ၀ဲတံတောင်၊ ၀ဲတင်ပါး ပွန်းပဲ့ဒဏ်ရာရရှိပြီး ရန်လင်းတွင် ယာပုခုံး ပွန်းပဲ့ဒဏ်ရာ၊ ယာဒူးနာကျင်ဒဏ်ရာ၊ ယာခြေချောင်း/ ခြေခုံပွန်းပဲ့ဒဏ်ရာ၊ ၀ဲခြေမ ပွန်းပဲ့ဒဏ်ရာ၊ ၀ဲပုခုံးအဆစ်နာကျင်ဒဏ်ရာ၊ ယာမျက်ခုံးဒေါင့် ပွန်းပဲ့ဒဏ်ရာ ရရှိပြီး ရန်လင်းအောင် ၀ဲခြေခုံပွန်းဒဏ်ရာ အသီးသီး ရရှိခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်သူ နောက်မှ ၀င်တိုက်သူ ရန်လင်းအား ဥပဒေအရ အရေးယူပေးရန် တောင်တွင်းကြီးမြို့နယ် ယာဉ်စည်းကမ်း/လမ်းစည်းကမ်း တာဝန်ခံ ရဲတပ်ကြပ်ကြီး ရဲဝင်းမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် တောင်တွင်းကြီးမြို့မ ရဲစခန်းက ယာဉ်(ပ)၁၂/၂၀၁၅ ပြစ်မှုပုဒ်မ ၃၃၇ အရ အမှုဖွင့် အရေးယူထားပြီး အမှုစစ် ဒုရဲအုပ် ကျော်မျိုးလင်းက အမှုအား စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အလားတူ ၂၇-၁-၂၀၁၅ ရက်နေ့ ညနေ(၆း၃၀)အချိန်ခန့်တွင် တောင်တွင်းကြီးမြို့မရဲစခန်း၏ အနောက်ဖက် (၃)ဖာလုံခန့်အကွာ ရွှေကြာအင်း(၁)ရပ်ကွက်၊ မကွေး-တောင်တွင်း လမ်းမကြီးအတိုင်း အရှေ့မှ အနောက်သို့ လ-၂၃၃၅၅၆ ၊ ရဲတပ်သား ရဲဝင်းအောင် ၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း ထိန်းသိမ်းရေး တောင်တွင်းကြီးမြို့နေသူ မောင်းနှင်လာသော ယာဉ်အမှတ် ၃၇ယ/၃၆၆၅၀ ၊ HONDA-150 ၊ အနက်ရောင်ဆိုင်ကယ်နောက်တွင် ၀င်းမြင့်ဦး (၃၂)နှစ်၊ (ဘ)ဦးကြည်သိန်း ၊ ဈေးရောင်း ၊ ရွှေအိုး(၁)ရပ်ကွက်နေသူ လိုက်ပါစီးနင်းမောင်းနှင်လာပြီး သမ္မရုံးလမ်းသို့ ချိုးကွေ့စဉ် ၄င်းလမ်းမကြီးအတိုင်း မကွေးဘက်မှ တောင်တွင်းကြီးဘက်သို့ အနောက်မှအရှေ့သို့ မောင်းနှင်လာသော စိုးနိုင်ဌေး (၁၉)နှစ် (ဘ)ဦးကျော်သန်းစိုး  ၊ ရွှေကြာအင်း(၁)ရပ်ကွက်နေသူ မောင်းနှင်လာသော ၃၇ယ/၃၇၃၇၂ ၊ VEVEBO-120 ၊ အဖြူရောင်ဆိုင်ကယ်တို့ တိုက်မိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် စိုးနိုင်ဌေးတွင် ယာဘက်ရင်အုံ ပွန်းပဲ့ဒဏ်ရာ၊ ၀ဲဘက်နံရိုး နာကျင်ဒဏ်ရာ၊
ယာလက်ညိုးပွန်းပဲ့ဒဏ်ရာ ရရှိပြီး ရဲတပ်သား ရဲဝင်းအောင် တွင် ယာခြေမ ပွန်းပဲ့ဒဏ်ရာ၊ ယာဒူးခေါင်း နာကျင်ဒဏ်ရာ၊ ယာလက်မ ပွန်းပဲ့ဒဏ်ရာ၊ အသီးသီးရရှိခဲ့သည်ဆို၏။ အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်သူ ယာဉ်စည်းကမ်း/လမ်းစည်းကမ်းထိန်းသိမ်းရေး တောင်တွင်းကြီးမှ ရဲတပ်သား ရဲဝင်းအောင်နှင့် စိုးနိုင်ဌေးတို့အား ဥပဒေအရ အရေးယူပေးပါရန် ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း တာဝန်ခံ ရဲတပ်ကြပ်ကြီး ရဲဝင်းမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် တောင်တွင်းကြီးမြို့မ ရဲစခန်းက ယာဉ်(ပ)၁၀/၂၀၁၅ ပြစ်မှုပုဒ်မ ၃၃၇ အရ တပ်သား ရဲဝင်းအောင် နှင့် စိုးနိုင်ဌေး တို့နှစ်ဦးအား အမှုဖွင့်အရေးယူထားပြီး အမှုစစ် ဒုရဲအုပ် ကျော်မင်းမောင်က အမှုအား စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း စုံစမ်းသိရှိရသည်။

ဟင်္သာ(တောင်တွင်းကြီး)၊ အကြီးတန်းသတင်းထောက်၊ တောင်တွင်းကြီးမြို့။
BY THIT HTOO LWIN
တောင်တွင်းကြီးမြို့၌ (၂)ရက်တွင် ရဲသတင်းတပ်ဖွဲ့ အပါအ၀င် ရဲတပ်ဖွဲ့ ယာဉ်တိုက်မှု (၂)ကြိမ် ဖြစ်ပွား တောင်တွင်းကြီးမြို့၌ (၂)ရက်တွင် ရဲသတင်းတပ်ဖွဲ့ အပါအ၀င် ရဲတပ်ဖွဲ့ ယာဉ်တိုက်မှု (၂)ကြိမ် ဖြစ်ပွား Reviewed by သစ်ထူးလွင် on 20:29 Rating: 5
Powered by Blogger.