ဘာလင် ၊ ၁-၁-၂၀၁၅
အနောက် အာဖရိက နိုင်ငံများတွင် ဖြစ်ပွားလျက် ရှိသော အီဘိုလာရောဂါ ၏ အရင်းအမြစ် သည် လင်းနို့များကြောင့် ဖြစ်နိုင်ဖွယ် ရှိကြောင်း ဒီဇင်ဘာ ၃ဝ ရက်တွင် လေ့လာ တွေ့ရှိချက် စာစောင်၌ ဖော်ပြထားသည်။
အီဘိုလာရောဂါ ပျံ့နှံ့ ရခြင်းသည် ရောဂါပိုး ရှိသည့် လင်းနို့များနှင့် လူသားများကြား ထိတွေ့ ဆက်ဆံမှု တို့ကြောင့် အစပျိုး ပေါ်ပေါက် လာခဲ့ခြင်း ဖြစ်သည်ဟု ယူဆရကြောင်း ဘာလင်မြို့ရှိ ရောဘတ်ကို့ခ်ျ တက္ကသိုလ် မှ သုတေသီ များက EMBO Molecular ဆေးပညာ စာစောင်တွင် ဖော်ပြထားသည်။
အီဘိုလာရောဂါ ကူးစက် ပျံ့နှံ့မှုနှင့် ပတ်သက်၍ သုတေသန ပညာရှင် များသည် ၂ဝ၁၄ ခုနှစ် ဧပြီလတွင် ဂီနီနိုင်ငံ၌ ကွင်းဆင်း လေ့လာမှု များကို ရက်သတ္တ လေးပတ်ကြာ လုပ်ဆောင် ခဲ့ရာတွင် လင်းနို့နှင့် ထိတွေ့ ခဲ့သည့် လူများအား စစ်ဆေးမှု ပြုလုပ်ခြင်း၊ ဒေသတွင်းရှိ အခြား တောရိုင်း တိရစ္ဆာန်များ ကို လေ့လာခြင်း နှင့် ရောဂါစတင် ဖြစ်ပွားရာ မီလီယံဒူ ကျေးရွာနှင့် အနီးအနားရှိ သစ်တောများမှ လင်းနို့များကို ဖမ်းယူ စစ်ဆေးမှု များ ပြုလုပ် ခဲ့ကြသည်။
စစ်ဆေးမှုများ အရ အီဘိုလာ ရောဂါသည် အရွယ်အစား ကြီးမားသည့် တောရိုင်း သတ္တဝါများ ကြောင့် ဖြစ်ပွားရခြင်း မဟုတ်ဘဲ အင်းဆက်စား လင်းနို့ များကြောင့် ဖြစ်နိုင်ဖွယ် ရှိကြောင်း၊ လင်းနို့များ ခိုနားသည့် သစ်ပင်များပေါ်သို့ ကျေးရွာမှ ကလေးငယ် များက တက်ရောက် ဆော့ကစား ခဲ့ရာမှ ဗိုင်းရပ်စ်ပိုး ကူးစက်ခံ ရခြင်း ဖြစ်သည်ဟု ယူဆရကြောင်း သုတေသန ပညာရှင် များက ပြောကြား ထားကြောင်း သိရှိရသည်။
#PyiChitThar
http://www.pyichitthar.com/2014/12/blog-post_72.html
အီဘိုလာရောဂါ ၏ အရင်းအမြစ်မှာ လင်းနို့ ဖြစ်ဖွယ်ရှိဟု သုတေသီများဆို
Reviewed by သစ်ထူးလွင်
on
13:55
Rating: