ပန်းဆိုင်မြို့နယ်တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လာရောက်ပစ်ခတ်


ပန်ဆိုင်း(ကြူကုတ်) ဇန်နဝါရီ ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)မူဆယ် ခရိုင်ပန်ဆိုင်းမြို့ အမှတ်(၄)ရပ်ကွက် ရှိ မြို့နယ်အုပ်ချုပ်ရေးမှူး နေအိမ်၊ မှုခင်းသတင်းတပ်ဖွဲ့ရုံး၊ ရဲစခန်းဝင်း နှင့် မိုင်းဟပြည်သူ့စစ်ရုံးတို့ကို ဇန်နဝါရီ ၁၃ ရက် ညပိုင်း ၁ နာရီ ၃၆ မိနစ်တွင် လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က တစ်ပြိုင်နက် လာရောက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ပန်ဆိုင်းမြို့ အထွေ ထွေအုပ်ချုပ်ရေးမှူး ဦးအောင် အောင်ကျော် (၃၆ နှစ်) ၏ နေအိမ်ကို လာရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ နေအိမ်အတွင်း အိပ် ပျော်နေသော ဦးပေတူး(၅၄ နှစ်) သည် ခြေကျင်းဝတ်တွင် သေနတ် ဒဏ်ရာတစ်ချက် ထိမှန်ခဲ့ပြီး နေအိမ်အပြင်ဘက် အုတ်နံရံတွင် ၁ဝ ချက်၊ ကားမှန်တွင် သုံးချက်၊ ကားဘီးတွင် နှစ်ချက်ထိမှန်ခဲ့သည်။

အခင်းဖြစ်ပွားချိန်တွင် ပန်ဆိုင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင် အောင်ကျော်မှာ နေအိမ်တွင်ရှိမနေ ကြောင်း သိရသည်။

အခင်းဖြစ်ပွားပြီးနောက်တွင် နေအိမ်ခြံဝင်းအတွင်း၌ လက်ပစ်ဗုံး နှစ်လုံး (မပေါက်ကွဲသေး)ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရ သည်။

အယ်လ်စိုး(iprd)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ပန်းဆိုင်မြို့နယ်တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လာရောက်ပစ်ခတ် ပန်းဆိုင်မြို့နယ်တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လာရောက်ပစ်ခတ် Reviewed by သစ်ထူးလွင် on 03:22 Rating: 5
Powered by Blogger.