နောင်တ မရ ကြောင်းနဲ့ သူ့ အနေနဲ့ ဘာမှ ကျူးလွန် ခဲ့တာ မဟုတ်ဘူးလို့ ဘီဘီစီကို ပြောပါတယ် |
ဦးဝီရသူရဲ့ အပြော အဆိုတွေ လုပ်ရပ် တွေကို မြန်မာ နိုင်ငံရေး ခေါင်းဆောင်တွေ၊ ဘာသာရေး ခေါင်းဆောင် တွေက ပြစ်တင် ရှုတ်ချဖို့ ကုလသမဂ္ဂ အပြင် အမေရိကန် ပြည်ထောင်စု ကနေလည်း တိုက်တွန်း လိုက်ပြီး အမုန်း တရား ဖြန့်ဖြူး မှုတွေကို တားဆီးဖို့လည်း တောင်းဆိုလိုက် ပါတယ်။
ဦးဝီရသူ ကတော့ သူ့ အပြော အတွက် နောင်တ မရ ကြောင်းနဲ့ သူ့ အနေနဲ့ ဘာမှ ကျူးလွန် ခဲ့တာ မဟုတ်ဘူးလို့ ဘီဘီစီကို ပြောပါတယ်။
နိုင်ငံတော် သံဃာ့ မဟာ နာယက အဖွဲ့ ဒုတိယ အတွင်းရေးမှူး ဖြစ်တဲ့ အရှင် အဂ္ဂဓမ္မ ကတော့ ဦးဝီရသူ ပြောကြားချက် နဲ့ ပတ်သက်ပြီး သူတို့ ဆီမှာ တိုင်ကြား ချက် မရှိသေး ဘူးလို့ ဆိုပါတယ်။ ဒီလို ပြောဆို မှုဟာလည်း သိပ် အပြစ် မကြီးဘူးလို့ ပြောပါတယ်။
ဝိနည်း သိက္ခာပုဒ် အရ အပြစ် မကြီး ပေမယ့် လောက အနေနဲ့ ရိုင်းရာ ကျတဲ့ အကြောင်း၊ ဒါကို သံဃာ့ အဖွဲ့ အစည်း၊ လူ့ အဖွဲ့ အစည်း၊ အစိုးရ တခုခုက တိုင်ကြား ရင်တော့ ခေါ်ယူ ဆုံးမ အရေးယူ တာမျိုး ဆုံးဖြတ်ချက် ချပေး နိုင်တဲ့ အကြောင်း ပြောသွား ပါတယ်။
သူ့လို အမျိုး သမီး လူ့အခွင့် အရေး ကာကွယ် သူတွေကို ခွဲခြား တိုက်ခိုက် ခံရတာမျိုး ကမ္ဘာ အနှံ့ တွေ့ရတယ်လို့ ပြော |
ရခိုင် ပြည်နယ်နဲ့ ပတ်သက် လို့တော့ အခြေ အနေ တွေဟာ ရှုတ်ချ စရာ ကောင်းတဲ့ အနေ အထား ဖြစ်နေ တာကို ကမ္ဘာက သိဖို့ လိုတယ်လို့ သူက ဆိုလိုက်ပြီး၊ ရခိုင် ဗုဒ္ဓ ဘာသာဝင် တွေရဲ့ စိုးရိမ် ခံစားချက် တွေကို နားလည် အသိ အမှတ် ပြုဖို့ လိုသလို မွတ်ဆလင်တွေ ဘက်က ခံစားချက် တွေကို လည်း နားလည်ဖို့ လိုတယ်လို့ ပြောပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2015/01/150122_weyathu_un_responses
ကုလသမဂ္ဂ ထုတ်ပြန်ချက် ဦးဝီရသူ တုံ့ပြန်
Reviewed by သစ်ထူးလွင်
on
05:40
Rating: