ဖေ့စ်ဘုနှင့် အင်စတာဂရမ်အား မကြာမီ ထပ်မံ ဖျက်ဦးမည်ဟု နာမည်ကြီး ဟက်ကာပြော


ဂျန္န၀ါရီလ 27 ရက် 2015

ဂျန္န၀ါရီလ 27 ရက် မြန်မာ စံတော်ချိန် မွန်းတည့် ၁၂ နာရီခွဲခန့်က ကမ္ဘာနှင့် အ၀ှမ်းနီးပါး ဖေ့စ်ဘုခ် သုံးမရဖြစ်ခဲ့သည်မှာ ကမ္ဘာ့ နာမည်ကြီးဟက်ကာ Lizard Laquad ကြောင့် ဖြစ်သည်ဟု ၄င်းဟက်ကာ၏ ဖေ့စ်ဘုခ်စာမျက်နှာတွင် ဖော်ပြ ထားသည်။

ယခုဖြစ်စဉ်တွင် ဖေ့စ်ဘုခ်ဖွင့်သုံးစဉ် Sorry, something went wrong. We′re working on it and we′ll get it fixed as soon as we can. ဟူပြီးစာမျက်နှာတွင်ထွက်ပေါ်ခဲ့ပါသည်။

နာမည်ကြီး အေပီသတင်းဌာနကလည်း ဖေ့စ်ဘုခ်နှင့်အင်စတာဂရမ် ၂ ခုစလုံးမှာ အမေရိကန်နိုင်ငံတခုလုံး၊ အာရှနိုင်ငံတချို့တို့တွင် ၁ နာရီကျော်ကြာ ဖွင့်မရဖြစ်ခဲ့ကြောင်းဖော်ပြထားသည်။

ထိုင်းနိုင်ငံတွင်မူ ထိုင်းစံတော်ချိန် ၂ နာရီခန့်တွင် ၂ ခုစလုံးပြန် လည်အသုံးပြုနိုင်ခဲ့ပြီဖြစ်ပါသည်။

ကမ္ဘာ့နာမည်ကြီးဟက်ကာ Lizard Laquad ၏ဖေ့စ်ဘုခ်စာမျက်နှာပေါ်တွင် မကြာမီ ထပ်ဖြစ်ဦးမည်ဟု လည်းခြိမ်းခြောက်ပြောဆိုထားကြောင်း ထိုင်းနိုင်ငံ Kao Sod သတင်းစာမျက်နှာတွင်ဖော်ပြထားသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
ဖေ့စ်ဘုနှင့် အင်စတာဂရမ်အား မကြာမီ ထပ်မံ ဖျက်ဦးမည်ဟု နာမည်ကြီး ဟက်ကာပြော ဖေ့စ်ဘုနှင့် အင်စတာဂရမ်အား မကြာမီ ထပ်မံ ဖျက်ဦးမည်ဟု နာမည်ကြီး ဟက်ကာပြော Reviewed by သစ်ထူးလွင် on 14:47 Rating: 5
Powered by Blogger.