ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းဒေသရှိ ခွဲထွက်မွတ်စလင်သူပုန် အဖွဲ့၏ လေ့ကျင့်ရေးစခန်း တစ်ခုအား လုံခြုံရေး တပ်ဖွဲ့များက သိမ်းပိုက်
မနီလာ ၊ ၈-၁-၂၀၁၅
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း ဒေသရှိ Maguindanao နှင့် Sultan Kudarat ဒေသများရှိ ဖိလစ်ပိုင် ကြည်းတပ်ဖွဲ့၏ တပ်ဆွယ်နှစ်ခုကို မကြာသေးမီက တိုက်ခိုက်ခဲ့သည့် ပြောက်ကျား သူပုန်အဖွဲ့ များအား လုံခြုံရေး တပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်မှု ဆက်လက် ပြုလုပ်လျက် ရှိစဉ် ခွဲထွက် မွတ်စလင် သူပုန်များ၏ လေ့ကျင့်ရေး စခန်းတစ်ခုကို သိမ်းပိုက် နိုင်ခဲ့ကြောင်း ဖိလစ်ပိုင် စစ်ဘက်က ဇန်နဝါရီလ ၆ ရက်နေ့တွင် ထုတ်ဖော် ပြောကြား ခဲ့သည်ဟု Xinhua သတင်းတစ်ရပ် အရ သိရသည်။
စစ်ဘက်နှင့် ရဲ ပူးပေါင်း တပ်ဖွဲ့သည် မင်ဒါနာအိုဒေသ General SK Pendatun မြို့ရှိ Midpandacan ကျေးရွာအား ဝင်ရောက် ရှင်းလင်းမှု ပြုလုပ်စဉ် ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၅ နာရီ ၃ဝ မိနစ်ခန့်တွင် ဘန်ဆာမိုရို အစ္စလာမ္မစ် လွတ်မြောက်ရေး တိုက်ခိုက်ရေး အဖွဲ့(BIFF) ၏ အမှတ်(၂) တပ်မ ဌာနချုပ်ကို သိမ်းပိုက် နိုင်ခဲ့ကြောင်း အစိုးရ တပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ ပြီးနောက် အဆိုပါ သူပုန်စခန်း ခေါင်းဆောင် Sukarno Sapal သည် ၄င်း၏ သူပုန် စခန်းအား စွန့်လွှတ် ထွက်ပြေး ခဲ့ကြောင်း ဖိလစ်ပိုင် ကြည်းတပ် ၏ အမှတ်(၆) တပ်မမှူး ဗိုလ်ချုပ် Eduardo Mangilinan က ပြောကြား ခဲ့သည်။
အဆိုပါ စခန်းကို သူပုန်တပ်ဖွဲ့ဝင် အသစ်များအား လေ့ကျင့် ပေးရာ၌ အသုံးပြု ခဲ့ကြောင်း ဒေသတွင်း စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ကြီး Joanne Petinglay က ပြောကြား ခဲ့သည်။ BIFF သူပုန် အဖွဲ့သည် မိုရို အစ္စလာမ္မစ်လွတ်မြောက်ရေး တပ်ဖွဲ့(MILF) နှင့် အစိုးရအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များအား ပျက်ပြားစေရေး အတွက် တိုက်ခိုက်မှု အများအပြား ပြုလုပ်ခဲ့ ကြောင်းနှင့် BIFF သည် ၂ဝ၁ဝ ပြည့်နှစ်တွင် MILF အဖွဲ့မှ ခွဲထွက်သွား ခဲ့သော ဘန်ဆာမိုရို အစ္စလာမ္မစ် လွတ်မြောက်ရေး လှုပ်ရှားမှု အဖွဲ့၏ လက်နက်ကိုင် အဖွဲ့ခွဲ ဖြစ်ကြောင်း သိရှိရသည်။
#PyiChitThar
http://www.pyichitthar.com/2015/01/blog-post_91.html
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းဒေသရှိ ခွဲထွက်မွတ်စလင်သူပုန် အဖွဲ့၏ လေ့ကျင့်ရေးစခန်း တစ်ခုအား လုံခြုံရေး တပ်ဖွဲ့များက သိမ်းပိုက်
Reviewed by သစ်ထူးလွင်
on
17:12
Rating: