တောင်တွင်းကြီးမြို့၌ ၁၀ ရက်အတွင်း လူသတ်မှုကြီး နှစ်ကြိမ် ဖြစ်ပွါးခဲ့


မကွေးတိုင်း ဒေသကြီး မကွေးခရိုင် တောင်တွင်းကြီး မြို့နယ် မြို့မရဲစခန်း၏ အရှေ့ဘက် ၉ မိုင်ခန့်အကွာ စည်ပင်ခုံကျေးရွာတွင် အလုပ်ရှင်မှ အလုပ်သမားအား ဓားဖြင့် ခုတ်သတ်မှု ဖြစ်ပွားနေကြောင်း စုံစမ်းသတင်းရရှိသည်။

မှုခင်း စုံစမ်းသိရှိရသည်မှာ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက် နံနက် ၅း၃၀ အချိန်ခန့် တောင်တွင်းကြီး မြို့နယ် စည်ပင်ခုံကျေးရွာ ငှက်ပျောမြှောင်တောင်ရိုး မြောက်ဘက်ကျောတွင် စည်ပင်ခုံကျေးရွာနေ (ဘ)
ဦးတင်လှိုင်၏သား မင်းမင်းခိုင် ၂၉ နှစ် တောင်သူ နှင့် တစ်ရွာတည်းနေ (ဘ) ဦးဝင်းဗိုလ် ၏သား
ရဲဝင်း ၂၂ နှစ် တောင်သူတို့နှစ်ဦး ၀ါးခုတ်ရင်း စကားများ ရန်ဖြစ်ကြပြီး မင်းမင်းခိုင်မှ အသွား ၁၃ လက်မခန့် အရိုး ၈ လက်မခန့် ဗြက် ၂ လက်မခန့်ရှိ ဓားဖြင့် ခုတ်သည်ဟု ဆိုပါသည်။

အဆိုပါ ဓါးခုတ်မှုကြောင့် ရဲဝင်းတွင် ၀ဲနဖူးမှ မေးစေ့အထိ ၈ လက်မခန့် ပြတ်ရှဒဏ်ရာဖြင့် နေရာတွင် ပွဲချင်းပြီး သေဆုံးသွားသဖြင့် သေဆုံးသူရဲဝင်း၏ ဖခင် ဦးဝင်းဗိုလ်က သားဖြစ်သူအား ဓားဖြင့်ခုတ်သတ်သူ မင်းမင်းခိုင် ၂၉ နှစ် (ဘ) ဦးတင်လှိုင် စည်ပင်ခုံကျေးရွာနေသူအား ဥပဒေအရ အရေးယူပေးရန်
တရားလို ပြုလုပ်တိုင်တန်း ခဲ့သည်။

၎င်းဖြစ်စဉ်အား တောင်တွင်းကြီးမြို့မရဲစခန်းက (ပ)၁၅/၂၀၁၅ ပြစ်မှုပုဒ်မ ၃၀၂ အရ ထိုနေ့ နေ့လည် ၃း၄၅ အချိန် အမှုရေးဖွင့်ပြီး အမှုစစ် ဒုရဲမှူး အောင်ချိုဦးက အမှုအား ဆက်လက်စုံစမ်း စစ်ဆေးလျှက်ရှိကြောင်း စုံစမ်းသိရှိရသည်။

အလားတူ ၃-၁-၂၀၁၅ ရက်နေ့ ည ၇း၃၀ အချိန်ခန့် အုန်းတော(၁)ရပ်ကွက်၊ ၅၅၀ ကွက်သစ်နေ မစန်းရီသည် နေအိမ်၌ရှိနေစဉ် လွန်ခဲ့သော တစ်လ ခန့်မှ စတင်၍ ၄င်း၏ နေအိမ်ဝိုင်းအတွင်းရှိ နွားတင်းကုတ်တွင် အကူအညီ တောင်းခံ၍ ခေတ္တနေထိုင်သူ နတ်မောက်မြို့နယ် အင်ကုန်းကျေးရွာနေ ပြည်ဝင်း (၅၉)နှစ် (ဘ)ဦးသောင်းစိန် မူလတန်းကျောင်းအုပ်(ငြိမ်း) နေသူနှင့် ကျောက်ပန်းတောင်းမြို့နယ်၊ ကျွဲကန်ကျေးရွာနေ မအေးလေး ၃၆ နှစ် (ဘ)ဦးမောင်တင်တို့ နေထိုင်ခဲ့ကြစဉ် လူမှု့ရေး ကိစ္စစကားများ ရန်ဖြစ်ရာမှ ပြည်ဝင်းက မအေးလေးအား ရုတ်တရက်စိတ်မထိန်းနိုင်ဘဲ အရှည် ၂ ပေခွဲခန့် လုံးပတ် ၉ လက်မခန့်ရှိ တုတ်ဖြင့် ရိုက်ပြီး အသွား ၁၃ လက်မခန့် အရိုး ၈ လက်မခွဲခန့် ဗြက် ၂ လက်မခန့်ရှိ ထင်းခုတ်ဓါးဖြင့် ခုတ်ရာ မအေးလေးတွေင် ယာတံတောင်ပြတ်ရှ ဒဏ်ရာ၊ ယာနားထင်ပြတ်ရှ ဒဏ်ရာ၊ ၀ဲလက်ခလယ်၊ လက်သူကြွယ်ပြတ်ရှဒဏ်ရာ၊ ယာဦးခေါင်း ဂျိုဇောင်း ဖုယောင်ဒဏ်ရာ၊ ယာလက်သူကြွယ်၊ ယာလက်သန်း ပြတ်ရှ ဒဏ်ရာများ၊ စိုးရိမ်ရ အသီးသီးရရှိသဖြင့် မအေးလေးအား တုတ်နဲ့ရိုက် ဓားဖြင့်ခုတ်သူ ပြည်ဝင်းအား ဥပဒေအရ အရေးယူ ပေးပါရန် မစန်းရီက တရားလိုပြုလုပ် တိုင်တန်းခဲ့ပါသည်။

ထို့နောက် မအေးလေးမှာ ရရှိ ဒဏ်ရာများဖြင့် သေဆုံးခဲ့ပါသည်။

ယင်းဖြစ်စဉ်အား တောင်တွင်းကြီးမြို့မ ရဲစခန်းက (ပ)၉/၂၀၁၅ ပြစ်မှုပုဒ်မ ၃၀၂ အရ ပြည်ဝင်း ၅၉ နှစ် (ဘ) ဦးသောင်းစိန်၊ မူလတန်းကျောင်းအုပ်(ငြိမ်း) အင်ကုန်းကျေးရွာ နတ်မောက်မြို့နေသူအား အမှုဖွင့် အရေးယူထားပြီး အမှု့အား ဆက်လက်စုံစမ်း စစ်ဆေးလျှက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ဟင်္သာ(တောင်တွင်းကြီး)၊ အကြီးတန်းသတင်းထောက်၊ တောင်တွင်းကြီးမြို့

BY THIT HTOO LWIN
တောင်တွင်းကြီးမြို့၌ ၁၀ ရက်အတွင်း လူသတ်မှုကြီး နှစ်ကြိမ် ဖြစ်ပွါးခဲ့ တောင်တွင်းကြီးမြို့၌ ၁၀ ရက်အတွင်း လူသတ်မှုကြီး နှစ်ကြိမ် ဖြစ်ပွါးခဲ့ Reviewed by သစ်ထူးလွင် on 03:31 Rating: 5
Powered by Blogger.