ဒေါ်လာ ၄ သန်းကျော်တန် စိန်လည်ဆွဲပျောက်ဆုံးမှု၊ ၁၂ နှစ်အရွယ် ကလေးကို ရှာဖွေ

ဓာတ်ပုံ (အေအက်ဖ်ပီ)
ဒေါ်လာ ၄.၆ သန်းကျော် တန်ကြေးရှိ စိန်လည်ဆွဲ ပျောက်ဆုံးရာမှာ ပါဝင် ပတ်သက်နေတဲ့  ခန်းမှန်းခြေ အသက် ၁၂နှစ်နဲ့ ၁၄ နှစ်ကြား အရွယ်ရှိ ကလေးမ တဦးကို ဟောင်ကောင်ရဲတပ်ဖွဲ့က ရှာဖွေနေပါတယ်။

အသက် ၃၀-၄၀ ကြားရှိ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦး စိန်လည်ဆွဲခိုးယူတာကို ဒီကလေးမက ကူညီခဲ့တယ်လို့ ရဲတွေကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းမှာ ရေးပါတယ်။

လက်ဝတ်ရတနာဆိုင်အတွင်းမှာ ခိုးယူသူတွေက ၀ယ်သူအဖြစ် ဟန်ဆောင်ပြီး ပစ္စည်းရွေးနေစဉ်မှာ လက်ဝတ်ရတနာတွေ ထည့်ထားတဲ့ ဗီရိုသော့ကို ကလေးမက ၀န်ထမ်းတွေ အလုပ်များနေချိန်မှာ ခိုးယူပြီး လည်ဆွဲကို ယူဆောင်သွားတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုချက်ကိုကိုးကားပြီး သတင်းမှာ ရေးပါတယ်။

သူတို့ထွက်သွားပြီးတဲ့နောက် လည်ဆွဲပျောက်နေတာကို ဆိုင်ဝန်ထမ်းတွေက သတိထားမိတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရွှေနဲ့ စိန် အလုံး ၃၀ နီးပါး လည်ဆွဲမှာ စီချယ်ထားတာ ဖြစ်ပါတယ်။

ကလေးမ ပုံရိပ်ကို စီစီတီဗွီမှာ ပြန်လည်တွေ့ရှိခဲ့ရတာ ဖြစ်ပြီး အကျီအပြာရောင်နဲ့ အမည်းရောင် ဘောင်းဘီကို ၀တ်ဆင်ထားတယ်လို့ ဆိုပါတယ်။

By ကို​ထွေး​ (ဒီဗွီဘီ)
http://burmese.dvb.no/archives/78784
ဒေါ်လာ ၄ သန်းကျော်တန် စိန်လည်ဆွဲပျောက်ဆုံးမှု၊ ၁၂ နှစ်အရွယ် ကလေးကို ရှာဖွေ ဒေါ်လာ ၄ သန်းကျော်တန် စိန်လည်ဆွဲပျောက်ဆုံးမှု၊ ၁၂ နှစ်အရွယ် ကလေးကို ရှာဖွေ Reviewed by သစ်ထူးလွင် on 21:18 Rating: 5
Powered by Blogger.