တရုတ်ယွမ်ငွေ သန်း ၂၀၀ ကို ဘဏ်အတုဖွင့်လှစ်၍ လိမ်လည်ယူသည့် လူငါးဦးကို တရုတ်ရဲဖမ်းဆီး


ပေကျင်း ၊ ၂၇-၁-၂၀၁၅

တရုတ်နိုင်ငံတွင် ဘဏ်အစစ် တစ်ခုကဲ့သို့ တည်ထောင် ထားသည့် ဘဏ်တု တစ်ခုသည် ငွေကြေး စုဆောင်းသူများ ထံမှ အမေရိကန် ဒေါ်လာ ၃၂ သန်း (ယွမ် သန်း၂ဝဝ ) ကို လိမ်လည် ယူဆောင် ခဲ့ကြောင်း ဘီဘီစီ သတင်းဌာနမှ ထုတ်ဖော် ပြောကြားသည်။

အဆိုပါ ဘဏ်တုသည် နန်ကျင်းမြို့၌ တည်ရှိပြီး နိုင်ငံပိုင် ဘဏ်တစ်ခု၏ ပုံစံအတိုင်း ဘဏ်ဝန်ထမ်း များလည်း ရှိကာ ငွေကြေး လာရောက် စုဆောင်းသူများ ထံမှ ဘဏ်စုငွေများကို လက်ခံခဲ့သည်ဟု သိရသည်။

အဆိုပါ ဘဏ်အတုတွင် ငွေကြေး စုဆောင်းသူ ၂ဝဝ ဦးခန့်ရှိပြီး ၄င်းတို့အနက် ၂ဝ၁၄ ခုနှစ်အတွင်း ယွမ် ၁၂ သန်း (အမေရိကန် ဒေါ်လာ ၁ ဒသမ ၉ သန်း) ခန့်ကို အပ်နှံသည့် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးလည်း ပါဝင်သည်ဟု သိရသည်။

သို့ရာတွင် အဆိုပါ စီးပွားရေး လုပ်ငန်းရှင်သည် ၄င်း အပ်နှံထားသည့် ငွေများ၏ အမြတ် ပမာဏမှာ အဆိုပါ ဘဏ်မှ ပေးအပ်မည်ဟု ကတိပေး ပြောကြား ထားသည့် အတိုးနှုန်းကို မရရှိ ခဲ့ခြင်းကြောင့် ၄င်းအပ်နှံ ထားသည့် ငွေကြေး အားလုံးကို ပြန်လည် ထုတ်ယူရန် ကြိုးပမ်းရာ အဆိုပါ ဘဏ်ကငြင်း ဆိုခဲ့ရာမှ ရဲတပ်ဖွဲ့ထံ အကြောင်းကြား ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ဘဏ်တု ပြုလုပ်၍ ငွေလိမ်လည် ယူသည့် တရားခံ ငါးဦးကို ဖမ်းဆီး ထိန်းသိမ်း ထားပြီ ဖြစ်ကြောင်း ဒေသတွင်း ရဲတပ်ဖွဲ့မှ ပြောကြားသည်။

‎PyiChitThar‬
http://www.pyichitthar.com/2015/01/blog-post_79.html
တရုတ်ယွမ်ငွေ သန်း ၂၀၀ ကို ဘဏ်အတုဖွင့်လှစ်၍ လိမ်လည်ယူသည့် လူငါးဦးကို တရုတ်ရဲဖမ်းဆီး တရုတ်ယွမ်ငွေ သန်း ၂၀၀ ကို ဘဏ်အတုဖွင့်လှစ်၍ လိမ်လည်ယူသည့် လူငါးဦးကို တရုတ်ရဲဖမ်းဆီး Reviewed by သစ်ထူးလွင် on 10:46 Rating: 5
Powered by Blogger.