အမှိုက်သိမ်းယာဉ်မှ အငှားယာဉ်နှင့် ခရီးသည်တင်ယာဉ်အား တိုက်မိသဖြင့် (၄)ဦး ပြင်းထန်စွာ ဒဏ်ရာရ



အရှိန်မထိန်းနိုင်သော ယာဉ်မှ တစ်ဘက်ယာဉ်ကြောသို့ ရောက်ရှိပြီး မျက်နှာချင်းဆိုင်မှ မောင်းနှင် လာသော ယာဉ်(၂)စီးအား တိုက်မိသဖြင့် (၄)ဦးဒဏ်ရာရ

ရန်ကုန်၊ ဇန်န၀ါရီ ၂၇

၂၇.၁.၂၀၁၅ ရက်နေ့ ၀၃၁၅ အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ရုံ လမ်းအတိုင်း အရှေ့မှ အနောက်သို့ ယာဉ်မောင်း (စုံစမ်းဆဲ) မောင်းနှင်လာသော ၆င/----အမှိုက်သိမ်း ယာဉ်သည် (၁၅)ပေဂုံးတံတားပေါ်အရောက် အရှိန် မထိန်းနိုင်ဘဲ တစ်ဘက်ယာဉ်ကြောသို့ ရောက်ရှိကာ မျက်နှာချင်း ဆိုင်မှ ယာဉ်မောင်း ကိုမင်းသူ မောင်းနှင်လာသော AA----ကိုရိုလာ အငှားယာဉ်နှင့် 3B----(၃၄)ယာဉ် လိုင်းခရီးသည်တင်ယာဉ်တို့အား ၀င်ရောက်တိုက်မိခဲ့ပြီး ယာဉ်မောင်းမှာ အခင်းဖြစ် နေရာတွင်ယာဉ်ကို ထားကာ ထွက်ပြေးတိမ်းရှောင် သွားခဲ့ပါသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်(၃)စီးပျက်စီးသွားခဲ့ပြီး 3B-----(၃၄)ယာဉ်လိုင်းပေါ်ပါ ခရီးသည်များ ဖြစ်ကြသည့် ဒေါ်မြင့်ဌေး(၃၆)နှစ်တွင် ၀ဲခြေသလုံး ဖူးရောင်၊ ယာဒူး၊ ၀ဲခြေမျက်စေ့ပွန်း၊ ၀ဲ/ယာပေါင် နာကျင်ဒဏ်ရာများ၊ ဒေါ်မြခိုင်(၇၀)နှစ်တွင် ၀ဲပခုံးနှင့်ဝဲပေါင် နာကျင်၊ ၀ဲ/ယာဒူးပွန်းဒဏ်ရာများ၊ ကိုလင်းနိုင်(၂၈)နှစ်တွင် ၀ဲ/ယာမျက်ခုံးနှင့်နောက်စေ့ စုတ်ပြဲ၊ ၀ဲခြေမျက်စေ့ပွန်း၊ ၀ဲပေါင်နာကျင်ဒဏ်ရာ များ၊ AA----အငှားယာဉ်မောင်းဖြစ်သူ ကိုမင်းသူ(၂၂)နှစ်တွင် ၀ဲပါး၊ ၀ဲခြေမျက်စေ့နှင့် လည်ပင်းပွန်း၊ ၀ဲပေါင်နာကျင်ဒဏ်ရာများအသီးသီး ရရှိခဲ့ကြသဖြင့် ရန်ကုန်ဆေးရုံကြီး၌ အတွင်းလူနာ(စိုးရိမ်ရ)များအဖြစ် တင်ပို့ ကုသခဲ့ရပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင် မောင်းနှင်သဖြင့် ယာဉ်တိုက်မှုဖြစ်ကာ ထွက်ပြေး တိမ်းရှောင်သွားသူ ၆င/----ယာဉ်မောင်း (စုံစမ်းဆဲ)အား မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းယာဉ်(ပ)၄/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၃၈/၃၃၇/ ၂၇၉/၂၀၂ဖြင့် အမှုဖွင့်ကာ စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
အမှိုက်သိမ်းယာဉ်မှ အငှားယာဉ်နှင့် ခရီးသည်တင်ယာဉ်အား တိုက်မိသဖြင့် (၄)ဦး ပြင်းထန်စွာ ဒဏ်ရာရ  အမှိုက်သိမ်းယာဉ်မှ အငှားယာဉ်နှင့် ခရီးသည်တင်ယာဉ်အား တိုက်မိသဖြင့် (၄)ဦး ပြင်းထန်စွာ ဒဏ်ရာရ Reviewed by သစ်ထူးလွင် on 14:41 Rating: 5
Powered by Blogger.