ဂုံကျော်တံတားပေါ်မှ အငှားယာဉ်တစ်စီး အရှိန်လွန်ကာ ပြုတ်ကျမှုဖြစ်



တာမွေမြို့နယ်၊ မင်းရဲကျော်စွာ ရထားသံလမ်း ဂုံကျော်တံတားပေါ်မှ အငှားယာဉ်တစ်စီး အရှိန်လွန်ကာ ပြုတ်ကျမှုဖြစ်

ရန်ကုန်၊ ဇန်န၀ါရီ ၈

၈.၁.၂၀၁၅ ရက်နေ့ ၁၄၁၅ အချိန်တွင် တာမွေမြို့နယ်၊ လေးထောင့်ကန်လမ်း အတိုင်း တာမွေဘက်မှ သင်္ဃန်းကျွန်းဘက်သို့ မောင်းနှင်လာသော 6D---- HONDA Fit အငှားယာဉ်သည် မင်းရဲကျော်စွာ ရထားသံလမ်း ဂုံကျော် တံတားပေါ် အရောက် အရှိန်လွန်ကာ ရထားသံလမ်းပေါ်သို့ ပြုတ်ကျ သွားခဲ့ပါသည်။

ထိုသို့ပြုတ်ကျခဲ့သဖြင့် ယာဉ်မောင်း(စိစစ်ဆဲ)၊ ယာဉ်ပေါ်ပါခရီးသည် အမျိုးသား တစ်ဦး(စိစစ်ဆဲ)နှင့် အမျိုးသမီးတစ်ဦး(စိစစ်ဆဲ)တို့မှာ ဒဏ်ရာများရရှိခဲ့ပြီး သင်္ဃန်းကျွန်း စံပြဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သတင်းရရှိ ပါသည်။

Yangon Police
https://www.facebook.com/yangonpolice
ဂုံကျော်တံတားပေါ်မှ အငှားယာဉ်တစ်စီး အရှိန်လွန်ကာ ပြုတ်ကျမှုဖြစ် ဂုံကျော်တံတားပေါ်မှ အငှားယာဉ်တစ်စီး အရှိန်လွန်ကာ ပြုတ်ကျမှုဖြစ် Reviewed by သစ်ထူးလွင် on 15:21 Rating: 5
Powered by Blogger.