ငါးသိုင်းချောင်းတွင် မီးလောင်မှုဖြစ်ပွား


ငါးသိုင်းချောင်း ဇန်န၀ါရီလ ၂၆

ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မြို့မရပ်ကွက် ကမ်းနားလမ်းနေ ဦးမျိုးလွင်(ဘ) ဦးဘိုကေ (၃၅)နှစ်၏ နေအိမ်တွင် ထမင်းချက်ရာမှ ဇန်န၀ါရီလ(၂၆)ရက် ညနေ(၁၆း၁၅)တွင် မီးလောင်မှု ဖြစ်ပွား သည်။

မီးလောင်ရာသို့ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန တိုင်းဦးစီးမှူး ရဲဗလမျိုးဝင်းမှ ဦးဆောင်၍ မီးသတ်ယာဉ်(၁၄)စီး သန္ဓေ တပ်ဖွဲ့ဝင်(၉၀)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ ၀င် (၁၀၀)ဦးနှင့်ပြည်သူများ ၀ိုင်းဝန်းငြိမ်းသတ်မှု ကြောင့် (၁၇း၀၀)အချိန်တွင် မီးကိုထိန်းနိုင်ပြီး (၁၈း၀၀)တွင်မီးလုံးဝငြိမ်းသွားသည်။

မီးလောင်မှုကြောင့် လူနေတိုက်(၄)လုံး ပျဉ်ထောင်အိမ်(၁၇)လုံး မီးလောင် ဆုံးရှုံးပြီး တန်ဖိုးငွေကျပ် (၁၈၈)သိန်း ဆုံးရှုံးခဲ့ကာ အိမ်ထောင်စု (၂၁)စု လူဦးရေ (၁၂၂)ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ကယ်ဆယ်ရေးစခန်း အဖြစ်ဈေးဝ ဓမ္မာရုံ၊ အင်္ဂါပတ်ဓမ္မရုံတို့၌ ဖွင့်လှစ်ထားရှိသည်။ မီးလောင်ရာသို့ တိုင်းဒသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးသိန်းအေင်နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှု့ အားပေးခဲ့ကြောင်း သိရှိရသည်။

မီးလောင်မှုကြောင့် အသေအပျောက်ဒါဏ်ရာရရှိသူမရှိကြောင်းနှင့် မီးကိုပေါ့ဆစွာ အသုံးပြုမှုကြောင့် ဦးမျိုးလွင် အား အရေးယူထားကြောင်း ကနဦး သတင်း အရ သိရှိရပါသည်။

မြ၀တီ
https://www.facebook.com/mwdmedia

ငါးသိုင်းချောင်းတွင် မီးလောင်မှုဖြစ်ပွား ငါးသိုင်းချောင်းတွင် မီးလောင်မှုဖြစ်ပွား Reviewed by သစ်ထူးလွင် on 15:36 Rating: 5
Powered by Blogger.