ကလေးဝ-တန့်ဆည် (မဟာမြိုင်)ကားလမ်းမှာ အရှိန်မထိန်းနိုင်သောယာဉ် ချောက်ထဲသို့ ထိုးကျတိမ်းမှောက်သဖြင့် (၄)ဦးသေ၊ (၃)ဦးဒဏ်ရာရ


နေပြည်တော်၊ ဇန်နဝါရီ ၂၉

၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီလ ၂ရ ရက်နေ့ ည ၁၁ နာရီခွဲအချိန် စစ်ကိုင်းတိုင်း ဒေသကြီး၊ မင်းကင်းမြို့နယ်၊ ကလေးဝ- တန့်ဆည် (မဟာမြိုင်)ကားလမ်း၊ မိုင်တိုင်အမှတ်(၅၁/၃)၌ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ မင်းကင်းမြို့နယ်၊ ပျဉ်းကိုင်း ရဲကင်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများ နှင့်အတူ သွားရောက် စစ်ဆေး ခဲ့သည်။

စစ်ဆေးချက်အရ တန့်ဆည်မြို့နယ်ဘက်မှ ကလေးဝမြို့နယ်၊ အောင်ချမ်းသာ ကျေးရွာဘက်သို့ ကလေးဝမြို့နယ်၊ အောင်ချမ်းသာ ကျေးရွာနေ ချစ်လွန်း(၂၄)နှစ် မောင်းနှင်ပြီး ဘိလပ်မြေအိတ်များနှင့် ထုံးအိတ်များ တင်ဆောင်လာသည့် မ/**** GMC အစိမ်းရောင် (၆)ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ဘေးရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသော အောင်ချမ်းသာကျေးရွာနေ သူများဖြစ်သည့် ဦးမြတ်မော်(၆ဝ)နှစ်၊ မခင်မြတ်နွယ်(၂၇)နှစ်၊ မထားမြင့်(၃၈)နှစ်နှင့် ဒေါ်ထားသီ(၅၂)နှစ် တို့မှာ ဘိလပ်မြေအိတ်များပိ၍ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ဦးအောင်ငယ်(၄၅)နှစ်ပါ (၃)ဦး တို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် ချစ်လွန်းအား မောက္ကတော်နယ်မြေရဲစခန်း ယာဉ်(ပ) ၁/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃ဝ၄-က/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
ကလေးဝ-တန့်ဆည် (မဟာမြိုင်)ကားလမ်းမှာ အရှိန်မထိန်းနိုင်သောယာဉ် ချောက်ထဲသို့ ထိုးကျတိမ်းမှောက်သဖြင့် (၄)ဦးသေ၊ (၃)ဦးဒဏ်ရာရ ကလေးဝ-တန့်ဆည် (မဟာမြိုင်)ကားလမ်းမှာ အရှိန်မထိန်းနိုင်သောယာဉ် ချောက်ထဲသို့ ထိုးကျတိမ်းမှောက်သဖြင့် (၄)ဦးသေ၊ (၃)ဦးဒဏ်ရာရ Reviewed by သစ်ထူးလွင် on 18:45 Rating: 5
Powered by Blogger.