တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအပါအဝင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၆ ဦးက ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အမျိုးသား လွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်ထံ အကြံပြုချက် ၂၁ ချက် ပေးပို့ထားပါတယ်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုးက ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့နဲ့ ပီအာ ရွေးကောက်ပွဲစနစ် ကျင့်သုံးနိုင်ဖို့ကို အကြံပြုထားတယ်လို့ ပြောပါတယ်။
"ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့အတွက် ၄၃၆ ကိုပြင်နိုင်ဖို့အရေးကြီးတယ်၊ ၄၃၆ ပြင်ပြီးတဲ့ နောက်ပိုင်းမှာ တဖက်စောင်းနင်းမဖြစ်ရအောင် ဒါထိန်းဖို့လို့တယ်၊ တဖက်စောင်းနင်းဖြစ်နိုင်တယ် နောက်ပြီးတော့ နောက်ကြောင်းပြန် အရေးယူမှုတို့ဘာတို့ စိုးရိမ်စရာရှိတယ်ဆိုရင် ဘယ်လိုမှအပြင်ခံမှာမဟုတ်ဘူး ၄၃၆၊ အဲ့ဒီတော့ နောက်ကြောင်းပြန် အရေးယူမှုမရှိရအောင် ပီအာရ်စနစ်နဲ့ အစားထိုးမယ်၊ ပီအာရ်စနစ်နဲ့လုပ်ခြင်းအားဖြင့် မဲ ၈ဝ ရာခိုင်နှုန်း ၉ဝ ရာခိုင်နှုန်း ရနိုင်တဲ့ လွှတ်တော်မှာ အဲ့လောက်အရေအတွက်ရနိုင်တဲ့ အခြေအနေကို ပီအာရ်စနစ်က မရောက်နိုင်ဘူး အဲ့လိုအခြေအနေမျိုး"
တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ် ကျော်ဦးလွင်က ၆ ပွင့်ဆိုင်တွေ့ဆုံပွဲမှာ တိုင်းရင်းသား ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေ ပိုမိုပါဝင်ဆွေးနွေးခွင့် ပြုသင့်ကြောင်း အကြံပြုထားပါတယ်။
ခြောက်ပွင့်ဆိုင် တွေ့ဆုံပွဲကျင်းပပေးဖို့ အရေးကြီးအဆိုတင်သွင်းခဲ့တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ထွန်းက လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှ ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်မယ်ဆိုတာကို ပြင်သင့်ကြောင်း အကြံပြုထားတာဖြစ်ပါတယ်။
RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127
၆ ပွင့်ဆိုင်အတွက် အကြံပြုချက် ၂၁ ခု အမျိုးသားလွှတ်တော်ဥက္ကဌထံ တင်သွင်း
Reviewed by သစ်ထူးလွင်
on
22:13
Rating: