ဇနီးဖြစ်သူ ထွက်သွားသည့် နေရာအား မပြောပြသည့် ယောက္ခမများကို ဓါးဖြင့်ခုတ်ပြီး နေအိမ်မီးရှို့သူအား အရေးယူထား
နေပြည်တော်၊ ဇန်န၀ါရီ ၁၂
၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၁၁ ရက်နေ့ ညနေ ၄ နာရီအချိန် မကွေးတိုင်း ဒေသကြီး၊ မြိုင်မြို့နယ်၊ ကံကြီးတောကျေးရွာနေ တင်ထွန်းအောင်(၃၅)နှစ်သည် အရက်မူးပြီး နေအိမ်ခြံဝင်းတစ်ဝင်း တည်းနေ ယောက္ခမများဖြစ်သည့် ဦးစံထွေး(၇၁)နှစ်နှင့် ဒေါ်သိန်းရင်(၇၁)နှစ်တို့၏ နေအိမ်သို့ရောက်ရှိကာ လွန်ခဲ့သော ၄ လခန့်က သမီးဖြစ်သူကိုခေါ်ဆောင်ကာ နေအိမ်မှထွက်သွားသော ၎င်း၏ဇနီး မခင်ဌေးဝင်း နေထိုင်သည့်နေရာအား မေးမြန်းရာ မပြောပြသောကြောင့် အရိုးအသွား(၂)ပေခန့်ရှိ ဓါးရှည်ဖြင့်ခုတ်ရာ ဒေါ်သန်းရင်တွင် ၀ဲဘက်ပုခုံးပြတ်ရှဒဏ်ရာ၊ လည်ပင်းဝဲဘက်ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး ဦးစံထွေး၌ ဦးခေါင်းဝဲဘက်ချိုစောင်းပြတ်ရှဒဏ်ရာ၊ ၀ဲဘက်ပါးအရေခွံပဲ့ကျ၊ ၀ဲလက်ညိုးနှင့်လက်ခလယ်ပြတ် ဒဏ်ရာများ ရရှိခဲ့သည်။
ထို့နောက် တင်ထွန်းအောင်မှ ဦးစံထွေးတို့၏(၃x၂)ပင် ထန်းလက်မိုး၊ ထန်းလက်ကာ၊ မြေစိုက်တဲကိုမီးရှို့ခဲ့ရာ ရွာသူ/သားများ၏ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့မှုကြောင့် မီးငြိမ်းသွားခဲ့၍ ဦးစံထွေး၏ သမက်ဖြစ်သူ ဦးအောင်ပိုင်မှ အရေးယူပေးရန်တိုင်တန်းသဖြင့် တင်ထွန်းအောင်အား မြိုင်မြို့မရဲစခန်း (ပ)၄/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂/၃၂၆/၄၃၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
https://www.facebook.com/yezarnimedia
မြိုင်မြို့နယ်မှာ ယောက္ခမများကို ဓါးဖြင့်ခုတ်ပြီး နေအိမ်မီးရှို့မှု့ ဖြစ်ပွား
Reviewed by သစ်ထူးလွင်
on
18:28
Rating: