ဆိုင်ကယ်တိမ်းမှောက်ခဲ့၍ လမ်းပေါ်သို့ ပြုတ်ကျစဉ် နောက်ယာဉ်မှထပ်မံ တိုက်မိသဖြင့် သေဆုံး
ရန်ကုန်၊ ဇန်န၀ါရီ ၈
၇.၁.၂၀၁၅ ရက်နေ့ ၂၁၄၅ အချိန် တိုက်ကြီးမြို့နယ်၊ ရန်ကုန်-ပြည်လမ်း အတိုင်း မြောက်မှတောင်သို့ တိုက်ကြီးမြို့နယ် နေသူများ ဖြစ်သော ကိုထွန်းဇော်အောင် (၂၈)နှစ် မောင်းနှင်ပြီး နောက်ဖက်တွင် ကိုဇော်ထွန်းဦးနှင့် ကိုကျော်သူခိုင်တို့ လိုက်ပါစီးနင်းလာသည့် JLM-110 ဆိုင်ကယ်သည် မိုင်တိုင်အမှတ် ၅၈/၃ အနီး
အရောက် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့ပါသည်။
ထိုသို့ ဆိုင်ကယ်တိမ်းမှောက်စဉ် နောက်ဆုံးနေရာမှ လိုက်ပါစီးနင်းသူ ကိုကျော်သူခိုင် (၂၈)နှစ်မှာ ကားလမ်းပေါ်သို့ ပြုတ်ကျခဲ့ပြီး လားရာတူအတိုင်း မောင်းနှင်လာသော မော်တော်ယာဉ်(စုံစမ်းဆဲ)မှ ထပ်မံတိုက်မိခဲ့ပါသည်။
အခင်းဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူ ကိုထွန်းဇော်အောင်နှင့် ယာဉ်မောင်းသူ (စုံစမ်းဆဲ)တို့မှာ မောင်းနှင်ထွက်ပြေးသွားခဲ့ကြပါသည်။
ယာဉ်တိုက်မှုကြောင့် ကိုကျော်သူခိုင်မှာ ဦးခေါင်းကြေမွ၊ ယာလက်ကောက်ဝတ် စုတ်ပြဲဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပါသည်။
ယင်းသို့ မဆင်မခြင်မောင်းနှင် ကြသူများ ဖြစ်သည့် ဆိုင်ကယ်မောင်းသူ ကိုထွန်းဇော်အောင်နှင့် ယာဉ်မောင်း(စုံစမ်းဆဲ)တို့(၂)ဦးအား တိုက်ကြီး မြို့မရဲစခန်း ယာဉ်(ပ)၂/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က/ ၂၇၉/၂၀၂ ဖြင့် အမှုဖွင့်အရေးယူကာ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice
ဆိုင်ကယ်ပေါ်က ပြုတ်ကျစဉ် ယာဉ်တိုက်မိ သေဆုံး
Reviewed by သစ်ထူးလွင်
on
23:14
Rating: