ကုန်တင်ယာဉ် ချောက်ထဲထိုးကျ၍ လူနှစ်ဦးသေဆုံး


ရေတာရှည် ဇန်နဝါရီ ၂၆

ရေတာရှည်မြို့ အနောက်ဘက် ၂၅ မိုင်ခန့်အကွာ ဆွာကြိုးပြင်တော အမှတ်(၅) မြို့ကတော်ကျေးရွာအနီးရှိ သစ်ထုတ်လမ်းတွင် ဇန်နဝါရီ ၂၅ ရက် နံနက် ၂ နာရီခွဲက ၁ဝ ဘီး ကုန်တင်ယာဉ်တစ်စီး အရှိန်လွန်၍ ပေ ၁ဝဝ ခန့်နက်သည့် ချောက် အတွင်း ထိုးကျတိမ်းမှောက်သွားခဲ့ရာ ယာဉ်ပေါ်၌ လိုက်ပါလာသောအလုပ် သမားနှစ်ဦး သေဆုံးသွားခဲ့သည်။

ယာဉ်မောင်းစိုးမြင့်လင်း(၂၇ နှစ်) အင်ဒိုင်းကျေးရွာနေသူ မောင်းနှင်ပြီး ယာဉ်နောက်လိုက် ကုလားလေး (၂၁ နှစ်) ထောက်ကြန့်ကွင်းကျေးရွာ ဆွာမြို့နေသူလိုက်ပါလာသည့် နီဆန်း ၁ဝ ဘီး ကုန်မပါယာဉ်၏နောက်တွင် အလုပ်သမားများဖြစ်သော ကိုရင် လေး(၄၃နှစ်) ဆွာမြို့မြောက်ပိုင်း (၅) ရပ်ကွက်၊ ဝင်းဌေးဦး(၃၇ နှစ်) ထောက်ကြန့်ကွင်းရွာ ဆွာမြို့နေသူ တို့လိုက်ပါစီးနင်းခဲ့ကြပြီး မရိုးခုံ ကျေးရွာအနောက်မြောက်ဘက် ၁၂ မိုင်ခန့်အကွာ၊ မြို့ကတော်ကျေးရွာ အနီးရှိ သစ်ထုတ်ကားလမ်းအတိုင်း မောင်းနှင်လာစဉ် အရှိန်လွန်ကာ အနက်ပေ ၁ဝဝ ခန့်ရှိ ချောက်အတွင်း ထိုးကျတိမ်းမှောက်သွားခဲ့သည်။ ယာဉ် ထိုးကျတိမ်းမှောက်မှုကြောင့် ယာဉ် နောက်တွင် စီးနင်းလိုက်ပါလာသော ကိုရင်လေးနှင့် ဝင်းဌေးဦးတို့နှစ်ဦး မှာ ယာဉ်ပေါ်ကနေပြုတ်ကျ၍ ကား နှင့်ကြိတ်မိပြီး ဒဏ်ရာများ အသီးသီး ရရှိကာ သေဆုံးသွားခဲ့သည်။ ဖြစ်စဉ် နှင့်ပတ်သက်၍ ရေတာရှည်မြို့မ ရဲစခန်းက အမှုဖွင့်ဆောင်ရွက်ထား ကြောင်း သိရသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကုန်တင်ယာဉ် ချောက်ထဲထိုးကျ၍ လူနှစ်ဦးသေဆုံး ကုန်တင်ယာဉ် ချောက်ထဲထိုးကျ၍ လူနှစ်ဦးသေဆုံး Reviewed by သစ်ထူးလွင် on 06:52 Rating: 5
Powered by Blogger.