အကြမ်းဖက်မှု တိုက်ဖျက်ဖို့ ပိုမို ပူးပေါင်း ဆောင်ရွက်ဖို့ အီးယူ ပြော

ဘရပ်ဆဲလ်မြို့က ဥရောပ သမဂ္ဂ ရုံးချုပ်။
အကြမ်းဖက်မှု ကာကွယ် တိုက်ဖျက်ရေး အတွက် မွတ်ဆလင် နိုင်ငံတွေ အပါအဝင် နိုင်ငံ အချင်းချင်း ပိုမို ပူးပေါင်း ဆောင်ရွက်ကြဖို့ ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ် မြို့တော်မှာ ပြုလုပ်တဲ့ ဥရောပ သမဂ္ဂ အဖွဲ့ရဲ့ ဝန်ကြီးများ အစည်းအဝေးမှာ အီးယူ ပြည်ပ ဆက်ဆံရေး မူဝါဒ အကြီးအကဲ Federica Mogherini က တိုက်တွန်း လိုက်ပါတယ်။

အီးယူ အဖွဲ့ အတွင်းက နိုင်ငံတွေ အပြင် အာရပ် နိုင်ငံတွေ နဲ့ပါ ပိုမို ကျယ်ပြန့်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ အီးယူ ပြည်ပ ဆက်ဆံရေး မူဝါဒ အကြီးအကဲ Federica Mogherini က ပြောပါတယ်။

ပြင်သစ် နိုင်ငံမှာ လူ ၁၇ ဦး သေဆုံး ခဲ့ရတဲ့ တိုက်ခိုက်မှု၊ ဘယ်လ်ဂျီယံ နိုင်ငံမှာ ဂျီဟတ် ဝါဒီ အကြမ်းဖက် အဖွဲ့တစ်ခုကို ဖော်ထုတ် စီးနင်းခဲ့မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်မှု အန္တရာယ်ကို ဘယ်လို တုံ့ပြန် ဆောင်ရွက်မလဲ ဆိုတာကို ဆွေးနွေးဖို့ ဒီ ထိပ်သီး အစည်းအဝေးကို ကျင်းပ ခဲ့တာ ဖြစ်ပါတယ်။

ဒီ အစည်းအဝေးမှာ ယူကရိန်း အရေးနဲ့ ပတ်သက်ပြီး အကြီးအကျယ် ထိခိုက်ခဲ့ရတဲ့ အီးယူနဲ့ ရုရှား ဆက်ဆံရေးကိုလည်း ပြန်လည် သုံးသပ် ကြမှာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.co.uk/…/world/2015/01/150119_eu_talks_on_ter…
အကြမ်းဖက်မှု တိုက်ဖျက်ဖို့ ပိုမို ပူးပေါင်း ဆောင်ရွက်ဖို့ အီးယူ ပြော အကြမ်းဖက်မှု တိုက်ဖျက်ဖို့ ပိုမို ပူးပေါင်း ဆောင်ရွက်ဖို့ အီးယူ ပြော Reviewed by သစ်ထူးလွင် on 21:13 Rating: 5
Powered by Blogger.