မြောက်ကိုရီးယား ခေါင်းဆောင် ရုရှားကို သွားလည်မယ်

အာဏာရပြီး ကတည်းက ပြည်ပခရီး မထွက်ဖူးသေးတဲ့ ကင်ဂျုံအန်း
လာမယ့် မေလမှာ ရုရှား နိုင်ငံ မော်စကို မြို့မှာ ကျင်းပမယ့် ဒုတိယ ကမ္ဘာစစ် နှစ်လည် အခမ်းအနားတွေကို လာတက်ဖို့ ဖိတ်ခေါ်ချက်ကို မြောက်ကိုရီးယား ခေါင်းဆောင်က လက်ခံ လိုက်တယ်လို့ ရုရှား အစိုးရက ပြောပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ရုရှားကို လာရောက်မှာ သေချာကြောင်း ရုရှား သမ္မတရဲ့ ပြောခွင့်ရသူ Dmitry Peskov က ဆိုပေမယ့် ကင်ဂျုံအန်းရဲ့ အမည်ကို ဖော်ပြခြင်း မရှိတာကြောင့် လာရောက်မယ့်သူက မြောက်ကိုရီးယားရဲ့ တခြား အရာရှိလည်း ဖြစ်နိုင်တယ်လို့ အချို့က ယူဆ နေကြပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းဟာ ၂၀၁၁ ခုနှစ်မှာ အာဏာ ရပြီးကတည်းက နိုင်ငံခြား ခရီးစဉ် ထွက်ခွာခြင်း မရှိသေးပါဘူး။

သူ့ ဖခင် ကင်ဂျုံအီးလ် တုန်းက တရုတ်နဲ့ ရုရှား နိုင်ငံတွေကို သွားရောက် ခဲ့ပေမယ့် မသွားခင် ခရီးစဉ်တွေကို ကြိုတင် အသိပေးခြင်း မရှိခဲ့ပါဘူး။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2015/01/150128_north_korea_leader
မြောက်ကိုရီးယား ခေါင်းဆောင် ရုရှားကို သွားလည်မယ် မြောက်ကိုရီးယား ခေါင်းဆောင် ရုရှားကို သွားလည်မယ် Reviewed by သစ်ထူးလွင် on 21:12 Rating: 5
Powered by Blogger.