အဲအေးရှားလေယာဉ်ပေါ်ပါ ကျောင်းသား ၄ ဦး၏ အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်


ဒီဇင်ဘာလကုန်ပိုင်းက အဲအေးရှားလေယာဉ် ပျက်ကျရာမှာ ကွယ်လွန်ခဲ့တဲ့ ကျောင်းသား ၄ ဦးအတွက် သူငယ်ချင်းတွေနဲ့ ဆရာတွေက အောက်မေ့ဖွယ် အခမ်းအနားကို မနေ့က ကျင်းပပါတယ်။

အသက် ၁၃ နှစ်အရွယ် အန်ဒရီယန် ဖာနန်ဒို ဟာ စင်ကာပူမှာ ရှိတဲ့ သူ့ဦးလေးထံကို ကျောင်းအားရက် အလည်သွားရင်းနဲ့ ကံဆိုးမိုးမှောင်ကျခဲ့တာပါ။

သူငယ်ချင်း ဒီဗင်နာ နာတာလီက “သူဟာ အလွန် ခင်မင်တတ်၊ ကူညီတတ်သူ ဖြစ်တယ်”လို့ ပြောပါတယ်။

လေယာဉ်ဟာ မနှစ်ဒီဇင်ဘာ ၂၈ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံကနေ စင်ကာပူနိုင်ငံကို ပျံသန်းရင်း ၄၂ မိနစ်အကြာမှာ ပျက်ကျခဲ့တာပါ။

ခရီးစဉ်မှာ ခရီးသည်နဲ့ လေယာဉ်အမှုထမ်းအားလုံး ၁၆၂ ဦး လိုက်ပါသွားပြီး လောလော ဆယ် အလောင်း ၄၈ လောင်းကို ဆယ်ယူရရှိထားပါတယ်။

ရှာဖွေရေးအဖွဲ့တွေက လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းဖော်ထုတ်ရာမှာ အဓိက အထောက်အကူပြုနိုင်မယ့် လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်စက် (black box) နဲ့ လေယာဉ်မှူးတွေရဲ့ အသံဖမ်းစက်ကို တွေ့ရှိဆယ်ယူထားပါတယ်။

အခုအချိန်အထိတော့ ရာသီဥတု ဆိုးရွားမှုကြောင့် လေယာဉ်ပျက်ကျတာလို့ပဲ ခန့်မှန်းနေ ကြပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/77055
အဲအေးရှားလေယာဉ်ပေါ်ပါ ကျောင်းသား ၄ ဦး၏ အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ် အဲအေးရှားလေယာဉ်ပေါ်ပါ ကျောင်းသား ၄ ဦး၏ အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ် Reviewed by သစ်ထူးလွင် on 12:01 Rating: 5
Powered by Blogger.