ဦးဝီရသူ အပေါ် အရေးယူနိုင်ဖွယ်မရှိကြောင်း သမ္မတရုံး ပြောဆို


မြန်မာဗုဒ္ဓဘာသာဘုန်းကြီး ဦးဝီရသူက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အပေါ် ရိုင်းပြကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေနဲ့ ဝေဖန်တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး စုံစမ်းကြည့်မယ်လို့ မြန်မာအစိုးရဘက်က ပြောဆိုကြောင်း၊ ဒါပေမဲ့ အရေးယူလို့တော့ ရနိုင်ဖွယ်မရှိကြောင်း အရိပ်အမြွက်ပြောဆိုကြောင်း AFP သတင်းက ဖော်ပြပါတယ်။

သမ္မတရုံးပြောခွင့်ရ သူဦးဇော်ဌေးက ဒီကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းစုံစမ်းဖို့ သာသနာရေးဝန်ကြီးဌာနကို ညွှန်ကြားထားပါတယ်။ ဒါပေမဲ့ ဒီကိစ္စအပေါ် တရားဝင်တိုင်တန်းချက် မရရှိသေးပါဘူး၊ ပြီးတော့ ဒီကိစ္စဟာ သံဃာ့ကိစ္စဖြစ်နေတာမို့၊ မိမိတို့အနေနဲ့ တိုက်ရိုက်ကိုင်တွယ်လို့ မရပါဘူးလို့ပြောကြားခဲ့ကြောင်း AFP သတင်းက ဆိုပါတယ်။

ရခိုင်ပြည်နယ်ပဋိပက္ခနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ ကို ဦးဝီရသူက လိင်ပိုင်းဆိုင်ရာ ဝေါဟာရတွေသုံးစွဲ တိုက်ခိုက်ခဲ့ပါတယ်။
ဦးဝီရသူကို AFP က မေးမြန်းခဲ့ရာမှာ ဦးဝီရသူက ဒီ့ထက်ပြင်းထန်တဲ့ ဝေါဟာရ စကားလုံးရှာတွေ့ရင်၊ အဲဒီအတိုင်းပြောလိုက်မှာဖြစ်ကြောင်း၊ မြန်မာပြည်အပေါ် မစ္စယန်ဟီးလီ လုပ်ခဲ့တာတွေနဲ့ ညီမျှတဲ့စကားလုံးမရှိကြောင်း တုန့်ပြန်ခဲ့တယ်လို့လည်း ဖော်ပြပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127
ဦးဝီရသူ အပေါ် အရေးယူနိုင်ဖွယ်မရှိကြောင်း သမ္မတရုံး ပြောဆို ဦးဝီရသူ အပေါ် အရေးယူနိုင်ဖွယ်မရှိကြောင်း သမ္မတရုံး ပြောဆို Reviewed by သစ်ထူးလွင် on 16:11 Rating: 5
Powered by Blogger.