ကလေးဆန်သော လုပ်ရပ်



သင်္ချာ ပထမနှစ် ကျောင်းသားများ ကောင်းညွန့်ခန်းမ သို့ ဦးတည်လာနေကြသည် ။ အခြားသော အတန်းကြီးကျောင်းသား အနည်းငယ်နှင့် အခြားမေဂျာ ကျောင်းသား အချို့လည်း ကောင်းညွန့်ခန်းမသို့ လာနေကြသည် ။ Frist Year Fresher Welcome ဖြစ်သည် ။

တိုင်းပြည်၏ နေရာအနှံ့အပြားတွင် ဖြစ်ပွားနေသော စတုတ္ထကျောင်းသား သပိတ်နှင့် ပက်သက်၍ ဟောပြောမည်ဟူသော သတင်းမှာ ကျောင်းသားများ အကြား ပျံ့နှံ့နေသည် ။

ပါမောက္ခချုပ် ဒေါက်တာလှဌေး ရောက်သည့်အချိန်တွင် အခမ်းအနားစသည် ။ ဦးစွာ ပါချုပ် အဖွင့်စကားပြောသည် ။ ပုံမှန်အားဖြင့် အခမ်းအနားများတွင် ပြီးဆုံးသည်အထိ နေလေ့ရှိသည့် ပါချုပ်သည် အဖွင့်စကားပြောပြီးသည်နှင့် ခန်းမမှ ထွက်ခွာသွားသည် ။ ယင်းနောက် သင်္ချာဌာနမှူး ၊ အားကစားမေဂျာ ပါမောက္ခ နှင့် ဆရာမတစ်ဦး အမှာစကားပြောသည် ။ ထို့နောက် အခမ်းအနားအစီအစဉ်မှာ ကျောင်းသားကိုယ်စားလှယ် မှ စကားပြောပေးရမည့် အစီအစဉ် ။ ကျောင်းသားများ မဲပေးရွေးချယ်ထားသော ကျောင်းသားကိုယ်စားလှယ် စကားပြောရမည့် အလှည့်တွင် ကိုမင်းသုခ (သင်္ချာ ကျောင်းသား ကိုယ်စားလှယ်) စင်ပေါ်တက်လာသည် ။ စတင်ပြောကြားရာ---

"မင်္ဂလာပါ လို့ မနှုတ်ဆက်ခင် မေတ္တာရပ်ခံစရာရှိပါတယ် ။ ဒါက ကျနော် စကားပြောနေစဉ် မိုက်ကရိုဖုန်း ကြိုးဖြုတ်လိုက်တာ တို့ ၊ မီးဖြတ်လိုက်တာ တို့ မလုပ်ဖို့  ကျောင်းအာဏာပိုင်များကို ကြိုတင် မေတ္တာရပ်ခံပါတယ် "

ပထမနှစ်ကျောင်းသားများကို ကြိုဆိုကြောင်းပြောဆိုပြီး

"ဒီနေ့ ဒီချိန် ကျနော်တို့ ကျောင်းသားထုတစ်ရပ်လုံးအတွက် အရေးအကြီးဆုံးရောက်နေပြီ ။ ဒါဘာကြောင့်လဲဆိုရင် .___

ထိုစဉ် ကောင်းညွန့်ခန်းမ၏ အနောက်ဖက်အခန်းရှိ လျပ်စစ်မိန်းကို လုံခြုံရေးတစ်ဦးမှ ဖြုတ်လိုက်သည် ။

ပါမောက္ခမှ "ကဲကဲ မီးပျက်သွားပြီ ။ ကိုယ်စားလှယ်စကားပြောတဲ့ အစီအစဉ် ဖျက်လိုက်ပါပြီ " ဟု အခမ်းအနားမှူးကို အမိန့်ပေးလိုက်သည် ။

Dagon University Students' Union
https://www.facebook.com/dusu.2012
ကလေးဆန်သော လုပ်ရပ် ကလေးဆန်သော လုပ်ရပ် Reviewed by သစ်ထူးလွင် on 22:09 Rating: 5
Powered by Blogger.