အသက် ၂၄ နှစ် အရွယ် မစ္စတာ ဘာ့ချီလီ ဟာ မွတ်ဆလင်မ် တစ်ဦး ဖြစ်ပြီး အခင်း ဖြစ်ပေါ် စဉ် ဈေးဝယ် အများအပြား ကို မြေအောက်ထပ် စားသောက်ကုန် တွေ သိုလှောင်ရာ အအေးခန်းထဲ မှာ ပုန်းအောင်း စေခဲ့ ပါတယ်။ |
မစ္စတာ ဘာ့ချီလီ ကို ပြင်သစ် နိုင်ငံသား ပေးအပ်တဲ့ အခမ်းအနား ကို ပြင်သစ် ဝန်ကြီးချူပ် နဲ့ ပြည်ထဲရေး ဝန်ကြီး တို့ တက်ရောက် ပြီး သူ့ရဲ့ သူရ သတ္တိ အတွက် ပြင်သစ် နိုင်ငံ ကိုယ်စား ကျေးဇူး တင်ရှိကြောင်း ပြောဆို ခဲ့ကြ ပါတယ်။
အသက် ၂၄ နှစ် အရွယ် မစ္စတာ ဘာ့ချီလီ ဟာ မွတ်ဆလင်မ် တစ်ဦး ဖြစ်ပြီး၊ အခင်း ဖြစ်ပေါ်စဉ် က ဈေးဝယ် အများအပြား ကို မြေအောက်ထပ် စားသောက်ကုန် တွေ သိုလှောင်ရာ အအေးခန်း ထဲ မှာ ပုန်းအောင်း စေခဲ့ပြီး ရဲတပ်ဖွဲ့ ကို ဆက်သွယ် ခဲ့ပါတယ်။
ဒီလို စွမ်းဆောင် ခဲ့မှု အပေါ် သူ့ အနေနဲ ဂုဏ်ယူကြောင်း ပြောပေမယ့်၊ သူ့ အပေါ် သူရဲကောင်း တစ်ဦး အဖြစ် တော့ မသတ်မှတ်ကြဖို့ မစ္စတာ ဘာ့ချီလီ က ပြောပါတယ်။
‘လွတ်လပ်မှု အဓွန့် ရှည် ပါစေ၊ ပြင်သစ်ပြည်ကြီး အဓွန့်ရှည် ပါစေ’ ဆိုတာ နဲ့ အဆုံး သတ်ခဲ့တဲ့ သူ့ရဲ့ မိန့်ခွန်း အဆုံး မှာတော့ လူအများ က မတ်တပ်ရပ် ဩဘာ ပေးခဲ့ ကြပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2015/01/150120_france_mali_citizen
လူတွေကို ကယ်ခဲ့တဲ့ သူကို ပြင်သစ်နိုင်ငံသား ပေးအပ်
Reviewed by သစ်ထူးလွင်
on
14:17
Rating: