လန်ဒန် ၊ ၇-၁-၂၀၁၅
ဗြိတိန်နိုင်ငံ၌ ယခု ၂ဝ၁၅ ခုနှစ်အတွင်း ကင်ဆာရောဂါ ဖြစ်ပွားသူ ဦးရေသည် ၂ ဒသမ ၅ သန်းထိ မြင့်တက် လာနိုင်ကြောင်း ဗြိတိန် ကင်ဆာရောဂါ ကုသရေးဆိုင်ရာ လူမှုရေး အဖွဲ့အစည်းက ထုတ်ပြန် ခဲ့သည်။
ယင်းကဲ့သို့ ကင်ဆာရောဂါ ဖြစ်ပွားမှု မြင့်တက် လာမှုသည် ဆေးဝါး ကုသရန် ခက်ခဲမှုနှင့် အသက်အရွယ် အိုမင်း လာသည်နှင့် အမျှ ခံနိုင်ရည် မရှိမှု တို့ကြောင့် ဖြစ်ကြောင်း Macmillan ကင်ဆာရောဂါ ကုသမှု ထောက်ပံ့ရေး အဖွဲ့က BBC သတင်းဌာနသို့ ဇန်နဝါရီ ၆ ရက်တွင် ပြောကြားသည်။
ထို့ပြင် ဗြိတိန် အမျိုးသား ကျန်းမာရေး ဌာန အနေဖြင့် ယင်းရောဂါကို ပျောက်ကင်းအောင် ကုသရန် လိုအပ်သည့် ဆေးဝါး ကုသမှုများ ယခုတိုင် လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း ၄င်းအဖွဲ့မှ တာဝန်ရှိသူ လန်ဒါသောမက်စ် က ပြောကြားသည်။
ကင်ဆာရောဂါ ဖြစ်ပွားသူ အများစုသည် အသက်ရှည် နေထိုင်နိုင်ရန် အတွက် ယင်းရောဂါကို ကုထုံး ပေါင်းစုံဖြင့် ကုသလျက် ရှိကြောင်း သိရသည်။ အလားတူ ဗြိတိန် နိုင်ငံတွင် ကျန်းမာရေး ဝန်ထမ်းများသည် ကင်ဆာရောဂါ သည် လေးပုံတစ်ပုံ ခန့်ကို အမျိုးသား ကျန်းမာရေး ဌာန၏ အကူအညီ အထောက် အပံ့ဖြင့် ယခုတိုင် ကုသမှုများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
#PyiChitThar
http://www.pyichitthar.com/2015/01/blog-post_51.html
ဗြိတိန်တွင် ၂၀၁၅ ခုနှစ်အတွင်း ကင်ဆာရောဂါ ဖြစ်ပွားသူ ၂ ဒသမ ၅ သန်းအထိ မြင့်တက်လာနိုင်
Reviewed by သစ်ထူးလွင်
on
11:55
Rating: