မန္တလေး ဇန်နဝါရီ ၇
ချက်လက်မှတ်ပေါ်တွင် လက် မှတ်အတုထိုးပြီး ငွေကျပ်သိန်း ၂၅ဝဝ ကို လိမ်လည် ထုတ်ယူသွားသူ ဦးအောင်ကိုလတ်နှင့် ဧရာဝတီ ဘဏ်လီမိတက် မန္တလေးဘဏ်ခွဲ(၆) မန်နေဂျာ ဦးမြင့်ဇော်ဦးတို့ကို ဇန်န ဝါရီ ၆ ရက် မွန်းလွဲ ၂ နာရီခွဲက အရေးယူပေးပါရန် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၅၇ လမ်းနှင့် ၅၈ လမ်းကြား မနော်ဟရီလမ်းနှင့် နှင်းဆီလမ်းကြား ဖ-၃/၈၆ နေ ဒေါ်ဆွေဆွေလွင် (ဒေသဆိုင်ရာ ဒုတိယမန်နေဂျာ၊ ဧရာဝတီဘဏ်လီမိ တက်)က တိုင်တန်းကာ ချမ်းအေး သာစံမြို့နယ် မြို့မရဲစခန်း၌ အမှုဖွင့် ထားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧရာဝတီဘဏ် လီမိ တက်ဘဏ်ခွဲ(၆)တွင် စာရင်းဖွင့်ထား သူ ဒေါ်ယဉ်လဲ့က ၄င်း၏ ချက် လက်မှတ်တစ်ရွက် ပျောက်ဆုံးနေ သည့်အတွက် ဘဏ်စာရင်းတွင် တိုက် ဆိုင်စစ်ဆေးသည့်အခါ ၂ဝ၁၄ ခုနှစ် ဇူလိုင် ၄ ရက်တွင် အဆိုပါ ချက်လက် မှတ်ဖြင့် ဦးအောင်ကိုလတ်က ငွေ ထုတ်ယူသွားခဲ့ကြောင်း၊ ချက်လက် မှတ်ပေါ်တွင်ပါရှိသည့်လက်မှတ်မှာ ၄င်း၏ လက်မှတ်မဟုတ်ကြောင်း ငြင်းဆိုသည့်အပြင် ငွေထုတ်သူ ဦးအောင်ကိုလတ်ကိုလည်း သိရှိနိုင် ခြင်းမရှိကြောင်း ပြောပြချက်အရ တရားလိုက ဧရာဝတီဘဏ်လီမိတက် ရုံးချုပ်သို့တင်ပြပြီး စိစစ်ရာ ချက်လက် မှတ်ငွေကိုထုတ်ယူသူမှာ ဦးပြည့်ဖြိုး အောင်၏ မှတ်ပုံတင်နံပါတ်ဖြင့် ယာဉ်မောင်းလိုင်စင် ပြုလုပ်ခဲ့သူ ဦးအောင်ကိုလတ်က ထုတ်ယူခဲ့ခြင်း ဖြစ်ကြောင်း၊ ချက်လက်မှတ်မှာ ဧရာ ဝတီဘဏ်လီမိတက်(၆)မှ ချက်လက် မှတ်ဖြစ်သော်လည်း ချက်လက်မှတ်ပါ ငွေကို ဧရာဝတီဘဏ်လီမိတက်(၅)မှ ထုတ်ယူသွားခြင်းဖြစ်ကြောင်း၊ ဒေါ်ယဉ်လဲ့၏ဘဏ်စာရင်းတွင် ငွေ များရှိကြောင်းကို မန္တလေးဘဏ်ခွဲ(၆) တာဝန်ရှိသူများသာ သိရှိနိုင်သဖြင့် ဘဏ်ရုံးချုပ်တွင် သံသယရှိသူ မန်နေဂျာ ဦးမြင့်ဇော်ဦးအား ခေတ္တ တွဲဖက်ထားရာမှ ထွက်ပြေးတိမ်း ရှောင်သွားခဲ့ကြောင်း စိစစ်တွေ့ရှိရပါ သဖြင့် ငွေလိမ်လည်ထုတ်ယူသူ ဦးအောင်ကိုလတ်၊ မန်နေဂျာ ဦးမြင့် ဇော်ဦးနှင့် အခြားပူးပေါင်းကြံစည် သူများကို အရေးယူပေးပါရန် တိုင် တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တင်မောင်(မန္တလေး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ချက်လက်မှတ်ပေါ်တွင် လက်မှတ်တုထိုးပြီး ငွေကျပ်သိန်း ၂၅၀၀ လိမ်လည်ထုတ်ယူမှုဖြစ်ပွား
Reviewed by သစ်ထူးလွင်
on
04:51
Rating: