အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိမ်းမှောက်ခဲ့သဖြင့် ယာဉ်ပေါ်ပါသူများ ဒဏ်ရာရ
ရန်ကုန်၊ ဇန်န၀ါရီ ၉
၉.၁.၂၀၁၅ ရက်နေ့ ၀၇၄၅ အချိန်တွင် အလုံမြို့နယ်၊ သခင်မြ ပန်းခြံလမ်း အတိုင်း တောင်မှမြောက်သို့ မောင်းနှင်လာသော 9A---- HINO BUS အငှားယာဉ်သည် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး သင်တန်းကျောင်းရှေ့အရောက် အရှိန်မထိန်းနိုင်ဘဲ ၀ဲဘက်သို့ တိမ်းမှောက်သွားခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ ပါသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါသူ သံဃာတော်(၂)ပါး၊ အမျိုးသား(၃)ဦး၊ အမျိုးသမီး(၄)ဦးတို့တွင် ဖူးရောင်၊ စုတ်ပြဲ၊ နာကျင်ဒဏ်ရာများ အသီးသီးရရှိခဲ့ ကြသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အတွင်း/ပြင်ပ(မစိုးရိမ်ရ)လူနာများ အဖြစ် ကုသမှု ခံယူခဲ့ရပါသည်။
ယင်းသို့ မဆင်မခြင် မောင်းနှင်မှုကြောင့် ယာဉ်တိမ်းမှောက်မှု ဖြစ်ကာ ထွက်ပြေး တိမ်းရှောင်သွားသူ ယာဉ်မောင်း(စုံစမ်းဆဲ) အား အလုံမြို့မရဲစခန်းယာဉ် (ပ)၂/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၃၈/၃၃၇/၂၇၉/၂၀၂ ဖြင့်အမှုဖွင့် အရေးယူကာ စုံစမ်းဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice
အလုံမြို့နယ်မှာ ဘတ်စ်ကား တိမ်မှောက်
Reviewed by သစ်ထူးလွင်
on
12:16
Rating: