မလေးရှား မွတ်ဆလင် အမျိုးသမီး ပရိတ်သတ်တွေကို လွန်လွန်ကဲကဲ ပွေ့ဖက်ခဲ့ တယ်လို့ စွပ်စွဲခံနေရတဲ့“B1A4”


ဇန်န၀ါရီ ၁၀ရက်တွင် ကိုးရီးယား လူငယ်ဂီတအဖွဲ့ “B1A4”သည် မလေးရှားတွင် ပရိတ်သတ်တွေနဲ့ တွေ့ဆုံပွဲကို ပြုလုပ်ခဲ့ပါသည်။ ပရိတ်သတ် ၁၀၀၀နဲ့အတူ ကျင်းပခဲ့သော ဒီတွေ့ဆုံပွဲသည် ဝေဖန်မှုတွေနဲ့ တွေ့ကြုံခဲ့ရပါသည်။

သူတို့သည် ပရိတ်သတ်တွေကို ပွေ့ဖက်ရုံတင်မဟုတ်ပဲ၊ ပရိတ်သတ် မိန်းကလေးတွေရဲ့ နဖူးတွေကိုပါ အနမ်းတွေပေးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါသည်။ သူတို့ရဲ့ မိန်းကလေး ပရိတ်သတ်တွေထဲမှာမွတ်ဆလင် အမျိုးသမီးငယ်တွေ ပါဝင်ခဲ့ပါသည်။

“Department of Islamic Development Malaysia (JAKIM) နှင့်“Federal Territory Islamic Affair Department (JAWI) အဖွဲ့အစည်းတွေက“B1A4”အဖွဲ့ဝင်တွေ ပရိတ်သတ်တွေကို အလွန်အမင်း ရင်းနှီးတဲ့အပြုအမူတွေ ရှိခဲ့တယ်ဆိုတာ မှန်ခဲ့ရင်“TGM Events” ကတာဝန်ယူ ဖြေရှင်း ရမယ်လို့ ပြောကြား ခဲ့ပါသည်။

“B1A4”၏ အေဂျင်စီကတော့ အထက်ပါ သတင်းတွေနဲ့ ပတ်သတ်လို့ ဖြေရှင်းချက် ထုတ်ပြန်ခဲ့ ပါသည်။ “အဖွဲ့ဝင်တွေက သူတို့ပရိတ်သတ်တွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြတာပါ။ အဲဒီတုန်းက အခြေအနေက အလွန်ကောင်းမွန်ခဲ့ပါတယ်။ ကျွန်တော်တို့ မွတ်ဆလင်တွေရဲ့ ယဉ်ကျေးမှုတွေအတွက် စဉ်းစားခဲ့ပါတယ်။
ကျွန်တော်တို့တွေ“MC”ခိုင်းတဲ့ အတိုင်း ဆောင်ရွက်ခဲ့ကြတာပါ။ အခုထွက် ပေါ်လာတဲ့ သတင်းတွေကလဲ ထောင့်တစ်နေရာတည်း ကနေကွက်ကြည့်နေ ကြလို့ပါ။ ကျွန်တော်တို့တွေ မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေအတွက်နောင်မှာ ပိုပြီး သတိထားပါ့မယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ ပရိတ်သတ်တွေေ ပျာ်ရွှင်ဖို့အတွက်
ကြိုးစားသွားပါ့မယ်။”

“B1A4”နဲ့ပတ်သတ်လို့ ဝေဖန်မှုတွေထဲမှာတော့“သူတို့တွေ ယဉ်ကျေးမှုတွေ နားမလည်ကြဘူး။”ဆိုတာပါပဲ။
တစ်ချို့သူတွေကြတော့“ကိုးရီးယားတွေကို အပြစ်တင် နေစရာမလိုဘူး။ သူတို့တွေ မလေးရှားနိုင်ငံရဲ့ အစ္စလမ်ဘာသာတရားနဲ့ စည်းကမ်းတွေကို ဘယ်လိုလုပ်နားလည်နိုင်မှာလဲ။ အပြစ်တင်ချင်ရင် နားမလည်တဲ့မလေးအမျိုးသမီးကိုပဲ အပြစ်တင်ရမှာ။ ကိုးရီးယား အနုပညာရှင်တွေကတော့ သူတို့ပရိတ်သတ်တွေ အားလုံးကို ရင်းရင်းနှီးနှီး နှုတ်ဆက်တတ်ကြတာပါပဲ။ သူတို့ပရိတ်သတ်တွေကိုချစ်ခင် ကြောင်းပြသတဲ့ အပြုအမူတွေ အတွက်သူတို့မှာ အပြစ်မရှိပါဘူး။”လို့“B1A4”နဲ့ ပတ်သတ်လို့ အင်တာနက်စာမျက်နှာပေါ်မှာ ရေးသားခဲ့ကြပါသည်။

သက်(ref:allkpop/ Netizens)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
မလေးရှား မွတ်ဆလင် အမျိုးသမီး ပရိတ်သတ်တွေကို လွန်လွန်ကဲကဲ ပွေ့ဖက်ခဲ့ တယ်လို့ စွပ်စွဲခံနေရတဲ့“B1A4” မလေးရှား မွတ်ဆလင် အမျိုးသမီး ပရိတ်သတ်တွေကို လွန်လွန်ကဲကဲ ပွေ့ဖက်ခဲ့ တယ်လို့ စွပ်စွဲခံနေရတဲ့“B1A4” Reviewed by သစ်ထူးလွင် on 12:12 Rating: 5
Powered by Blogger.