သာသနာတော်ညှိုးနွမ်းစေမှုနဲ့ အမှုဖွင့် အရေးယူခံထားရတဲ့ V Grastro.bar ပိုင်ရှင်နဲ့ မန်နေဂျာနှစ်ဦးကို ဒီကနေ့နေ့လယ် ၁ နာရီ ဗဟန်းတရားရုံးမှာ ရုံးထုတ်စစ်ဆေးပြီး ဒီဇင်ဘာ ၁၈ ရက်နေ့ မနက် ၁၀ နာရီမှာ ပြန်လည်ချိန်းဆိုလိုက်ပါတယ်။
ဗုဒ္ဓရုပ်ပွားတော်နဲ့ ကြော်ငြာခဲ့တဲ့အတွက် V Grastroရဲ ဆိုင်ပိုင်ရှင် ထွန်းသူရိန်၊ မန်နေဂျာ ထွဋ်ကိုကိုလွင်၊ အထွေထွေ မန်နေဂျာ နယူးဇီလန်နိုင်ငံသား Mr. Phil တို့ကို ဗဟန်းမြို့မရဲစခန်း (ပ)၄၉၉/၂၀၁၄၊ပြစ်မှုပုဒ်မ-၂၉၅/၂၉၅-က နဲ့ အမှုဖွင့်အရေးယူထားတာပါ။
ဒီဇင်ဘာ ၁၁ ရက်နေ့ညပိုင်းက ဗုဒ္ဓရုပ်ပွားပုံတော်ကို မလျော်ကန်စွာသုံးစွဲဖော်ပြခဲ့တာဟာ ဒေသန္တရအမိန့်ကို ဖောက်ဖျက်ကျူးလွန်တာဖြစ်တဲ့အတွက် ထိရာက်စွာအရေးယူဖို့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ နဲ့လည်း အမှုဖွင့်အရေးယူဆောင်ရွက်နေပြီး အဲဒီဆိုင်ကို ချိပ်ပိတ်သိမ်းဆည်းသွားဖို့ စီစဉ်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
By ဒီဗွီဘီ
http://burmese.dvb.no/archives/73525
V Grastro bar ပိုင်ရှင်နှင့် မန်နေဂျာ ၂ ဦးကို ဒီဇင်ဘာ ၁၈ ထပ်မံရုံးချိန်း
Reviewed by သစ်ထူးလွင်
on
18:41
Rating:
![V Grastro bar ပိုင်ရှင်နှင့် မန်နေဂျာ ၂ ဦးကို ဒီဇင်ဘာ ၁၈ ထပ်မံရုံးချိန်း](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq_RJRbZHyUZDOD_K_oubZtGFOT2pi9fR1OSOi2L4qeNkga3n9p-KwfVo6Hz3mnr3GMFKgg3RXmrRuz86FIGgEryi2IsPdG2SXX9CTsJjK6HD_Isf_34XXXqf3OO2LdBWJ9u_Rj3vLxj4/s72-c/1.jpg)