ဒေါ်အောင်ဆန်းစုကြည် NLD ရုံးချုပ်မှာ သတင်းစာရှင်းလင်း


၂၀၁၄ခုနှစ်ကို ပြန်ကြည့် မယ်ဆိုရင် ပြည်သူ အများစုရဲ့ လူနေမှု ဘဝတွေ ပြောင်းလဲ တိုးတက်မှု မရှိတဲ့ အတွက် ကျေနပ်စရာ မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောကြား လိုက်ပါတယ်။

ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံခြား သတင်းထောက်တစ်ဦးက ၂၀၁၄ခုနှစ်မှာ မြန်မာနိုင်ငံမှာ တိုးတက် ပြောင်းလဲမှုတွေ ရှိနေတဲ့ အပေါ် ဘယ်လို သုံးသပ်ပါ သလဲလို့ မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူအများစု ဘဝနဲ့ တိုင်းတာ ရမှာ ဖြစ်တဲ့ အကြောင်း ဖြေကြား ခဲ့တာပါ။

၂၀၁၄ မှာ အများပြည်သူတွေရဲ့ ဘဝထူးထူးခြားခြားပြောင်းလဲတာ မရှိတဲ့အတွက် ကျေနပ်အားရစရာမရှိပါဘူး၊ လာမယ့် ၂၀၁၅မှာ ကျွန်မတို့ အားလုံးအများပြည်သူတွေရဲ့ဘဝတွေ တိုးတက်အောင် ဝိုင်းကြိုးစားရမှာဖြစ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာ ဖြစ်ပါတယ်။

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူတွေအနေနဲ့ ဆုံးဖြတ်ချက်မှန်ကန်ဖို့ အရေးကြီးပြီး ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်မမှန်မှာကို စိုးရိမ်မိကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒါ့အပြင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာဖြစ်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အစိုရအနေနဲ့ မှန်မှန်ကန်ကန် ဖော်ထုတ်အရေးယူဖို့လိုကြောင်းနဲ့ နှစ်ဘက်ပြေလည်ရေးကိုဦးတည်ပြီး ဆောင်ရွက်ဖို့လိုတယ်လို့ ပြောကြားခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127
ဒေါ်အောင်ဆန်းစုကြည် NLD ရုံးချုပ်မှာ သတင်းစာရှင်းလင်း ဒေါ်အောင်ဆန်းစုကြည် NLD ရုံးချုပ်မှာ သတင်းစာရှင်းလင်း Reviewed by သစ်ထူးလွင် on 19:01 Rating: 5
Powered by Blogger.