ငှက်နဲ့ တိုက်တဲ့ MAI လေယာဉ် ပုံမှန်ပျံသန်းပြီ


ငှက်ဖြင့် ထိခိုက်မိသော လေယာဉ်ထိပ်ပိုင်းအား ညတွင်းခြင်း ပြန်လည်အစားထိုး တပ်ဆင်နိုင်ခဲ့ပြီး ဖြစ်သဖြင့် ခရီးစဉ်များတွင် ပုံမှန်ပျံသန်း လျှက်ရှိနေပြီ ဖြစ်ကြောင်း MAI FACEBOOK စာမျက်နှာမှာ ဖော်ပြထားပါသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) သည် ၂၀၁၄ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် စင်္ကာပူမြို့မှ ရန်ကုန်မြို့သို့ ပျံသန်းသည့် ခရီးစဉ် Airbus A319 အမျိုးအစား လေယာဉ်အမှတ် 8M 232 သည် မွန်းလွဲ (၁၄)နာရီ (၅၂)မိနစ် ခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်မည့် အချိန် (၁၀)မိနစ် ခန့် အလိုတွင် အမြင့်ပေ ၄၀၀၀ မှ ပျံသန်းနေရာ ငှက်ဖြင့်တိုက်မိသည့် ဖြစ်ရပ်ဖြစ်ပွားခဲ့သဖြင့် လေယာဉ်ထိပ်ဖူးပိုင်းသာ အနည်းငယ် ထိခိုက်မိသည်မှလွဲ၍ မည့်သည့် ခရီးသည် ထိခိုက်မှု တစုံတရာဖြစ်ပွားခဲ့ခြင်းမရှိဘဲ မူလခရီးစဉ်အတိုင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ချောမွေ့စွာ ဆင်းသက်နိုင်ခဲ့ပါသည်။

BY THIT HTOO LWIN
ငှက်နဲ့ တိုက်တဲ့ MAI လေယာဉ် ပုံမှန်ပျံသန်းပြီ ငှက်နဲ့ တိုက်တဲ့ MAI လေယာဉ် ပုံမှန်ပျံသန်းပြီ Reviewed by သစ်ထူးလွင် on 10:40 Rating: 5
Powered by Blogger.