အီရတ်တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် ISIS စစ်သွေးကြွ ၁၈၀ ကျော်သေဆုံး


ဘဂ္ဂဒက် ၊ ၃၀-၁၂-၂၀၁၄

အီရတ် တပ်ဖွဲ့ဝင် များသည် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆိုင်ရာ စစ်ဆင်ရေး တစ်ရပ်ကို နိုင်ငံ၏ အလယ်ပိုင်း ပြည်နယ် တစ်ခုဖြစ်သော ဆာလာဟူဒင် ပြည်နယ်၏ အဓိကကျသော နေရာ တစ်ခုတွင် ဒီဇင်ဘာ ၂၈ ရက်က လုပ်ဆောင်ခဲ့ရာ ISIS စစ်သွေးကြွ အဖွဲ့မှ အကြမ်းဖက် သမား ၁၈ဝ ကျော်ကို ချေမှုန်း နိုင်ခဲ့ကြောင်း သိရသည်။

အီရတ် တပ်ဖွဲ့ဝင် များသည် ဒေသခံများ၏ ကူညီထောက်ပံ့ ပေးမှုဖြင့် တာကစ်မြို့ တောင်ပိုင်း ယာတရစ်ဘ်ဒေသ ရှိ ISIS စစ်သွေးကြွ အကြမ်းဖက် သမားများကို တိုက်ခိုက် နိုင်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ စစ်ဆင်ရေး အတွင်းအကြမ်းဖက် သမားများ၏ မော်တော်ယာဉ် များနှင့် လက်နက်ခဲယမ်း များကိုလည်း ဖျက်ဆီး နိုင်ခဲ့ကြောင်း အီရတ် ကာကွယ်ရေး ဝန်ကြီးဌာန က ထုတ်ဖော် ပြောကြားခဲ့သည်။

အီရတ် တပ်ဖွဲ့ဝင် များသည် လွန်ခဲ့သော ရက်များမှစ၍ ဆာလာဟူဒင် ပြည်နယ် အတွင်းရှိ အဓိကကျသော ဒေသများကို ပြန်လည်သိမ်းယူ နိုင်ခဲ့သည့် အပြင် ဒီဇင်ဘာ ၂၈ ရက် အစောပိုင်း ကလည်း ဘဂ္ဂဒက်မြို့ မြောက်ပိုင်း ဒိုလူယာမြို့ အတွင်းရှိ ISIS စစ်သွေးကြွ များကို မြို့ပြင်သို့ မောင်းထုတ် နိုင်ခဲ့ကြောင်း သိရသည်။

#PyiChitThar
http://www.pyichitthar.com/2014/12/isis_29.html

အီရတ်တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် ISIS စစ်သွေးကြွ ၁၈၀ ကျော်သေဆုံး  အီရတ်တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် ISIS စစ်သွေးကြွ ၁၈၀ ကျော်သေဆုံး Reviewed by သစ်ထူးလွင် on 10:25 Rating: 5
Powered by Blogger.