အိန်္ဒိယနိုင်ငံမှာ ရှေးကတည်းက ယုံကြည်ခဲ့တဲ့ ကုထုံး အမှားတွေကို လက်ရှိ အချိန်အထိ ပြုလုပ် နေကြ စမြဲ ဖြစ်ပါတယ်။ လူသား တွေရဲ့ အရေပြား မှာ ပူလောင်တဲ့ သံပူ သို့မဟုတ် အခြား ပူလောင်တဲ့ သံထည် ပစ္စည်းတွေ ကပ်ပါက ရောဂါတွေ ပျောက်ကင်း သွားမယ်လို့ ယုံကြည်ခဲ့ကြ တာပါ။
ဒီကုထုံးကြောင့် ငှက်ဖျားရောဂါ၊ အသည်းရောင် အသားဝါ ရောဂါ၊ အဆုတ်ရောင် ရောဂါတွေ ပျောက်ကင်း လိမ့်မယ်လို့ ယူဆခဲ့ကြ ပါတယ်။ ဒါကို သံပူထိုးပြီး ကုသတဲ့နည်းလို့ ခေါ်ပြီး အိန်္ဒိယ နိုင်ငံသားတွေ ကတော့ ရောဂါဝေဒနာတွေကို ကုသနိုင်တယ်လို့ ယုံကြည် နေတာ ဖြစ်ပါတယ်။
အိန်္ဒိယနိုင်ငံ အလယ်ပိုင်း၊ ပရာဒက်ရှ် ပြည်နယ်မှာ နေထိုင်တဲ့ ဆွမ်ဗာတီဟာ အဆုတ်ရောင် ရောဂါ ခံစားနေ ရတဲ့ သမီးဖြစ်သူကို သံပူထိုးပြီး ကုသခဲ့ ပေမယ့် သက်သာသွားခြင်း မရှိဘဲ ပိုမို ဆိုးရွားလာခဲ့ပါတယ်။ ကလေးငယ် မှာလည်း သံပူထိုးခဲ့ မူကြောင့် ဒဏ်ရာတွေ အများအပြားရခဲ့ ပါတယ်။ ဓားကို အပူထိုး ပြီး ကုသခဲ့ခြင်းကြောင့် ဒဏ်ရာ (၄၀) နီးပါးရရှိ ခဲ့ပါတယ်။ ဆွမ်ဗာတီဟာ ပြီးခဲ့တဲ့နှစ် ကလည်း အဆုတ်ရောင် ရောဂါကြောင့် ကလေး တစ်ဦး ဆုံးရူံးခဲ့ပြီး ဖြစ်ပါတယ်။ ဆင်းရဲလွန်း တာမို့ ဆေးခန်း မသွားဘဲ ရိုးရာ ကုထုံးနဲ့ကုသခဲ့ပေမယ့် နှစ်လသား အရွယ် ကလေးငယ်ရဲ့ ၀မ်းဗိုက်မှာအရွယ်နဲ့ မလိုက်အောင် ဒဏ်ရာတွေရှိခဲ့ တာကြောင့် ခင်ပွန်းဖြစ်သူနဲ့တိုင်ပင်ပြီး ဆေရုံမှာ ကုသမူ ခံယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒေါက်တာ ဆင်းက ကျွန်တော်တို့ဆီ ရောက်လာတဲ့ အချိန်မှာ ကလေးငယ်ဟာ အသက်ရှူပိုင်း ဆိုင်ရာ အတော်ဆိုးရွားနေ ပါတယ်။ ဒဏ်ရာတွေ ကလည်း အများအပြား ဖြစ်နေ ပါတယ်။ ဒါပေမဲ့ နောက်နေ့ မှာတော့ ပြန်လည် ကောင်းမွန်သွား ပါတယ်။ ဒီကလေးဟာ သာမန် အဆုတ်ရောင် ရောဂါခံစားခဲ့ရ တာပါ။ ကလေး မိဘတွေကို ပြောလိုတာ ဆေးရုံတွေ မှာ အခမဲ့ ကုသပေးနေခြင်း ဖြစ်ပါတယ်။ ဒီလိုမျိုး ဖြစ်စဉ်တွေ ကျွန်တော်တို့ ဆေးရုံမှာ တစ်နှစ်ကို (၃) ဦးလောက် ကြုံရ ပါတယ်။ ဒီလို ကုလို့ အပြစ် မြင်တာ မပာုတ်ပါဘူး။ ဆေးပညာအရ ဖြစ်နိုင်မလား ဆိုတာ စဉ်းစားရမှာ ဖြစ်ပါတယ်။ ရောဂါ ဖြစ်လာရင် ဆရာဝန်တွေနဲ့ တိုင်ပင် ဆွေနွေးပါ လို့ဆိုခဲ့ပါ တယ်။
အေသင်အောင်
Messenger News Journal
http://www.messengernewsjournal.com/General/Eventure/detail.php?id=27761
ကုထုံး အမှားကြောင့် ဒဏ်ရာတွေ ရရှိခဲ့တဲ့ ကလေးငယ်
Reviewed by သစ်ထူးလွင်
on
19:03
Rating: