မီးနီအား ဖြတ်သန်း မောင်းနှင်သဖြင့် ယာဉ်တိုက်မှု ဖြစ်ပွားပြီး (၁)ဦးသေ၊ (၃)ဦး ဒဏ်ရာရ


ရန်ကုန်၊ ဒီဇင်ဘာ ၂၉

၂၈.၁၂.၂၀၁၄ ရက်နေ့ ၀၄၀၀ အချိန်တွင် ဒဂုံမြို့နယ်၊ ပြည်ထောင်စု ရိပ်သာ လမ်းအတိုင်း အရှေ့မှ အနောက်သို့ ဒလမြို့နယ်နေ ယာဉ်မောင်း ကိုထွန်းထွန်းနိုင် (၂၇)နှစ်မောင်းနှင်လာသော CC---ပရီမီရို အငှားယာဉ်သည် ပြည်လမ်းနှင့် ပြည်ထောင်စု ရိပ်သာလမ်းဆုံ မီးပွိုင့်အရောက် မီးနီအား ဖြတ်သန်း မောင်းနှင်စဉ် ပြည်လမ်း အတိုင်း မြောက်မှတောင်သို့ လှိုင်မြို့နယ်နေ ယာဉ်မောင်း ကိုထွန်းထွန်း မောင်းနှင်လာသော AA---Mark II အငှားယာဉ်ကို ၀င်ရောက်တိုက်မိ ခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်(၂)စီးပျက်စီးသွားခဲ့သည့်အပြင် CC----ယာဉ်မောင်း ကိုထွန်းထွန်းနိုင်တွင် ယာလက်ခုံပွန်းစုတ်၊ ယာလက်ဖျံစုတ်ပြဲ၊ ရင်ဘတ်အောင့် ဒဏ်ရာများ ရရှိကာ ရန်ကုန်ဆေးရုံကြီး တွင် အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် ကုသခဲ့ရပြီး ၎င်းယာဉ်ပေါ်ပါ ကိုနိုင်နိုင်ဦး (၄၄)နှစ်မှာ နဖူးတွင်ဒဏ်ရာ ရရှိကာ သေဆုံး သွားခဲ့သည့် အပြင် AA---Mark II ယာဉ်ပေါ်ပါခရီးသည် မတခူး(၂၃)နှစ်နှင့် မရွှန်းလဲ့ဖြူ (၂၃)နှစ်တို့(၂)ဦးတွင် ဖူးရောင်၊ နာကျင်ဒဏ်ရာများ ရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ (မစိုးရိမ်ရ)များအဖြစ် တင်ပို့ကုသခဲ့ရ ပါသည်။

ယင်းသို့ မဆင်မခြင်မီးနီဖြတ်မောင်းနှင်သူ CC---- ယာဉ်မောင်း ကိုထွန်းထွန်းနိုင် အား ဒဂုံမြို့မရဲစခန်း ယာဉ်(ပ) ၄၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/၂၇၉ဖြင့် အမှုဖွင့်လှစ်ကာ အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

Yangon Police
https://www.facebook.com/yangonpolice
မီးနီအား ဖြတ်သန်း မောင်းနှင်သဖြင့် ယာဉ်တိုက်မှု ဖြစ်ပွားပြီး (၁)ဦးသေ၊ (၃)ဦး ဒဏ်ရာရ မီးနီအား ဖြတ်သန်း မောင်းနှင်သဖြင့် ယာဉ်တိုက်မှု ဖြစ်ပွားပြီး (၁)ဦးသေ၊ (၃)ဦး ဒဏ်ရာရ Reviewed by သစ်ထူးလွင် on 15:36 Rating: 5
Powered by Blogger.