ထိုင်းနိုင်ငံသည် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ အာဆီယံဒေသအတွင်း အဆိုးရွားဆုံးနိုင်ငံဖြစ်သည်ဟု ထိုင်းတရားရေးဝန်ကြီး ပြောကြား


ဘန်ကောက် ၊ ၂၁-၁၂-၂၀၁၄

ထိုင်းနိုင်ငံသည် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ အာဆီယံ ဒေသအတွင်း အဆိုးရွားဆုံး နိုင်ငံဖြစ်ကြောင်း၊ ယခင်ကထက် အခြေအနေ ပိုမိုဆိုးရွား လာကြောင်းနှင့် မူးယစ်ဆေးစွဲ သူများ ပြန်လည် ထူထောင် ပေးရေး ဆောင်ရွက်ပေး နေမှုများ မှာလည်း မအောင်မမြင် ဖြစ်နေရကြောင်း ထိုင်းတရားရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး Paibbon Koomchaya က ပြောကြား ခဲ့သည်ဟု ဒီဇင်ဘာလ ၁၉ ရက်နေ့ ဘန်ကောက်ပို့စ် သတင်းတစ်ရပ်အရ သိရသည်။

မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဆိုင်ရာ ဘုတ်အဖွဲ့ (ONCB) နှင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ကြီးကြပ် ကွပ်ကဲမှုဆိုင်ရာ ဗျူရို၏ စာရင်းများအရ ထိုင်းနိုင်ငံတွင် မူးယစ်ဆေးစွဲ နေသူ ၁ ဒသမ ၃ သန်းဦးခန့် ရှိပြီး နိုင်ငံ လူဦးရေ၏ ၂ ရာခိုင်နှုန်းခန့် ဖြစ်ကြောင်း သိရသည်။

အလားတူ မူးယစ်ဆေးစွဲသူ ၂၅ဝ,ဝဝဝ ဦးခန့်အား တရားစွဲဆို ထားပြီး အကျဉ်းချ ထားကြောင်း၊ ထို့အပြင် အဆိုးရွားဆုံးသော အချက်တစ်ချက် အနေဖြင့် ပြန်လည် ထူထောင်ပေးရေး ဆောင်ရွက်ပေး နေသော ဆေးစွဲသူ များသည် မူးယစ်ဆေးဝါး ပြန်လည်သုံးစွဲ နေခြင်းဖြစ်ကြောင်း၊ မူးယစ်ဆေးစွဲ သူများသည် အသက်အရွယ် ငယ်သည်ထက် ငယ်လာကြောင်း နှင့် မူးယစ်ဆေးစွဲသည့် အငယ်ဆုံး အသက်အပိုင်း အခြားမှာ အသက် ၇ နှစ်အရွယ် ဖြစ်ကြောင်းလည်း ၄င်းက ထပ်လောင်း ပြောကြား ခဲ့သည်။

မူးယစ်ဆေး စွဲသူများသည် ပုံမှန်အားဖြင့် ဆေးဖြတ်ပြီး သော်လည်း ၄င်းတို့၏ မူလ ပတ်ဝန်းကျင် သို့ ပြန်လည် ရောက်ရှိသည့် အခါ မူးယစ်ဆေး ပြန်လည် သုံးစွဲမှု ပြုလုပ်သည့် အတွက် မူးယစ်ဆေးစွဲ သူများ ပြန်လည် ထူထောင် ပေးရေး လုပ်ငန်းစဉ်မှာ မအောင်မမြင် ဖြစ်နေရကြောင်း ဗိုလ်ချုပ်ကြီး Paibbon Koomchaya က ပြောကြား ခဲ့သည်ဟု သိရှိရသည်။

#PyiChitThar
http://www.pyichitthar.com/2014/12/blog-post_20.html
ထိုင်းနိုင်ငံသည် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ အာဆီယံဒေသအတွင်း အဆိုးရွားဆုံးနိုင်ငံဖြစ်သည်ဟု ထိုင်းတရားရေးဝန်ကြီး ပြောကြား ထိုင်းနိုင်ငံသည် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ အာဆီယံဒေသအတွင်း အဆိုးရွားဆုံးနိုင်ငံဖြစ်သည်ဟု ထိုင်းတရားရေးဝန်ကြီး ပြောကြား Reviewed by သစ်ထူးလွင် on 18:08 Rating: 5
Powered by Blogger.