လမ်းဖြတ်ကူးသူ အမျိုးသားတစ်ဦး ယာဉ်တိုက်ခံရသဖြင့် သေဆုံး


ရန်ကုန်၊ ဒီဇင်ဘာ ၃၀

၃၀.၁၂.၂၀၁၄ ရက်နေ့ ၀၀၃၀ အချိန်တွင် ရန်ကင်းမြို့နယ်၊ သစ္စာလမ်းအတိုင်း ကမ္ဘာအေးဘုရားလမ်း ဘက်မှ ဝေဇယန္တာလမ်းဘက်သို့ မောင်းနှင်လာသော အမှတ်(မသိ) ဆလွန်းအမျိုးအစား အနက်ရောင်ယာဉ်သည် မိုးကောင်း လမ်းသွယ်ထိပ်အရောက် လမ်းဖြတ်ကူးသူ ရန်ကင်းမြို့နယ်နေ ဦးသန်းဇော်ဝင်းအား ၀င်ရောက်တိုက်မိပြီး မောင်းနှင်ထွက်ပြေး သွားခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ဦးသန်းဇော်ဝင်းမှာ ဦးခေါင်းနောက်စေ့နှင့် ၀ဲခြေသလုံးတို့တွင် ဖူးရောင်ဒဏ်ရာ များ၊ နှာခေါင်း၊ ပါးစပ်နှင့်ယာနားတို့တွင် သွေးထွက် ဒဏ်ရာများရရှိကာ မြောက်ဥက္ကလာ ပဆေးရုံကြီးသို့ တင်ပို့ကုသစဉ် သေဆုံးသွား ခဲ့ပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သဖြင့် ယာဉ်တိုက်မှုဖြစ်ပြီး မောင်းနှင် ထွက်ပြေးသွားသူ ယာဉ်မောင်(စုံစမ်းဆဲ)အား ရန်ကင်းမြို့မရဲစခန်းယာဉ် (ပ)၄၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၀၂ ဖြင့် အမှုဖွင့်ကာ စုံစမ်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
လမ်းဖြတ်ကူးသူ အမျိုးသားတစ်ဦး ယာဉ်တိုက်ခံရသဖြင့် သေဆုံး လမ်းဖြတ်ကူးသူ အမျိုးသားတစ်ဦး ယာဉ်တိုက်ခံရသဖြင့် သေဆုံး Reviewed by သစ်ထူးလွင် on 17:32 Rating: 5
Powered by Blogger.