ဘိုကိုတာ ဒီဇင်ဘာ ၂
တနင်္ဂနွေနေ့က ဖတ်သူပုန် ပြန်လွှတ်ပေးလိုက်သော ကိုလံဘီယာ ဗိုလ်ချုပ်ကြီး ရူဘင်ဒါရီယို အော်ဇာတေးသည် လက်နက်ကိုင်အဖွဲ့မှ နုတ်ထွက်သွားပြီဖြစ်သည်။
ဗိုလ်ချုပ်ကြီး အော်ဇာတေးနှင့် အဖော်နှစ်ဦးကို လွန်ခဲ့သောသီတင်းနှစ်ပတ်က ထိန်းချုပ်ဒေသတစ်ခု၌ ရေကြောင်းမှ ခရီးသွားစဉ် ပြန်ပေးဆွဲခံရခြင်းဖြစ်သည်။
အဆိုပါ ဗိုလ်ချုပ်ကြီးပြန်ပေးဆွဲခံရမှုအပေါ် သမ္မတ ဂျုံအန်မာနူးဆန်တို့က လုံခြုံရေးတပ်ဖွဲ့ကို ဖြေရှင်းချက် တောင်းဆိုထားသည်။
ဗိုလ်ချုပ်ကြီးအော်ဇာတေးက¤င်းအနေဖြင့် လုံခြုံရေး အစီအမံထားရှိဆောင်ရွက်မှု ပေါ့လျော့မိခဲ့ကြောင်း ဝန်ခံ ပြောကြားသည်။ ဖတ်သူပုန်အဖွဲ့က အဆိုပါ ဗိုလ်ချုပ်ကြီး အား ဖတ်သူပုန်အဖွဲ့တက်ကြွ လှုပ်ရှားရာ အမှတ် ၃၄ ဒေသ ချိုကိုပြည်နယ် တောနက်တစ်ခုအတွင်း ပြန်ပေးဆွဲ သွားခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်ကြီးသည် အာထရိုဘို မြစ်တစ်လျှောက် လှေဖြင့်သွားလာရာတွင် အရပ်ဝတ် အဝတ်အစားများ ဝတ်ဆင်ထားခဲ့ကြောင်း သိရသည်။
''ဒီဖြစ်စဉ်က တပ်မတော်ကို ထိခိုက်စေပါတယ်။ ဒီအတွက် အစိုးရထံ ရာထူးမှနုတ်ထွက်ခွင့်တောင်းခဲ့ပါတယ်''ဟု သတင်းစာရှင်းလင်းပွဲ၌ ၎င်းကပြောသည်။
'' ဗိုလ်ချုပ်ကြီး နုတ်ထွက်မှုဟာ တပ်မတော်အတွက်တော့ ဆုံးရှုံးမှုတစ်ရပ် ပါပဲ''ဟု ဗိုလ်ချုပ်ကြီး၏ နုတ်ထွက်လွှာကို လက်ခံလိုက် သော သမ္မတဆန်တို့က ပြောသည်။
(ဘီဘီစီ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS?fref=nf

ဖတ်သူပုန်လက်မှ ပြန်လွတ်လာသော ဗိုလ်ချုပ်ကြီးရာထူးမှ နုတ်ထွက်
Reviewed by သစ်ထူးလွင်
on
04:20
Rating: