အမြန်လမ်းတွင် ယာဉ်တိမ်းမှောက် သုံးဦးသေ ခုနစ်ဦးဒဏ်ရာရ


တိမ်းမှောက်သွားတဲ့ ပါရာဒိုကား (ဓါတ်ပုံ - Ko kyar Si)
နွားထိုးကြီး ဒီဇင်ဘာ ၂၉

နွားထိုးကြီးမြို့နယ် ထိန်ဖလားရွာအနီး ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် (၃၂၁/၂) နှင့်(၃) ကြားတွင် ယနေ့နံနက် ၁ဝ နာရီက ရန်ကုန်မှ မန္တလေးဘက်သို့ ယာဉ်မောင်း ရဲဝင်းအောင်(၃၄)နှစ် မောင်းနှင်သည့် ပါရာဒိုကားရှေ့ဘီးပေါက်ပြီး လမ်းလယ်ကျွန်းကိုတိုက်မိရာ သုံးဦးသေ ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ယာဉ်တိမ်းမှောက်ရာတွင် ရန်ကုန်မြို့မှ ရဲရင့်အောင်(ခ)အောင်ကျော်ထွန်း (၂၆)နှစ်၊ မစုစုမာ(၂ဝ)နှစ်တို့မှာ အခင်းဖြစ်နေရာတွင် သေဆုံးပြီး မျိုးကိုကိုလွင် (၂၃)နှစ်မှာ မန္တလေးဆေးရုံတွင် သေဆုံးသွားကြောင်း သိရသည်။

ခင်ဇာမွန်မြင့်(ဥပဒေ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
အမြန်လမ်းတွင် ယာဉ်တိမ်းမှောက် သုံးဦးသေ ခုနစ်ဦးဒဏ်ရာရ အမြန်လမ်းတွင် ယာဉ်တိမ်းမှောက် သုံးဦးသေ ခုနစ်ဦးဒဏ်ရာရ Reviewed by သစ်ထူးလွင် on 06:31 Rating: 5
Powered by Blogger.