အဲအေးရှား လေယာဉ် ပျက် ရှာတွေ့ပြီလို့ဆို

ဆူရာဘားယားက စင်္ကာပူ ပျံလာစဉ် ပျောက်ဆုံး
အင်ဒိုနီးရှား နိုင်ငံမှာ တနဂင်္နွေနေ့ က ပျောက်ဆုံး သွားတဲ့ စင်္က࿿ာပူ သွား အဲအေးရှား ခရီးသည်တင် လေယာဉ် ပျက် ကို ရှာတွေ့ပြီ လို့ အင်ဒိုနီးရှား အာဏာပိုင် တွေက ပြောကြား ခဲ့ပြီးနောက် ဒါဇင်နဲ့ချီတဲ့ အလောင်း တွေ ကို အင်ဒိုနီးရှား ရေတပ်က ဆယ်တင် နိုင်ခဲ့ ပါတယ်။

အဲအေးရှား လေကြောင်း အရောင် ခြယ်သ ထားတဲ့ လေယာဉ် အပိုင်းအစ ကိုလည်း ဂျားဗား ပင်လယ် ထဲမှာ ရှာဖွေ တွေ့ရှိခဲ့ပြီး ညဘက်မှာ ဆက်ပြီး ရှာဖွေရေးတွေ လုပ်နေပါတယ်။

အာဏာပိုင်တွေရဲ့ အဆိုအရ အင်ဒိုနီးရှား ပိုင် ဘော်နီယိုကျွန်း ဘက်ခြမ်း ဂျားဗား ပင်လယ်တွင်း ရှာဖွေ တွေ့ရှိတာ လို့ သိရပါတယ်။

အခုရှာဖွေတွေ့ရှိတဲ့ အရာဝတ္ထု တွေက ပျောက်ဆုံးနေတဲ့ လေယဉ်ပျံရဲ့ အပိုင်းအစ တွေ ဟုတ်မဟုတ် တွေ့ရှိရတဲ့ နေရာမှာ ဆက်လက် စုံစမ်းစစ်ဆေး နေပါတယ်။

ခရီးသည် ၁၆၂ ယောက် တင်ဆောင်ပြီး အင်ဒိုနီးရှား နိုင်ငံ ဆူရာဘားယား မြို့က ပျံသန်းလာစဉ် မှာ ရာသီဥတု ဆိုးရွားမှု ကြောင့် ရုတ်တရက် ပျောက်ဆုံး သွားခဲ့တာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/12/141230_indo_air_asia
အဲအေးရှား လေယာဉ် ပျက် ရှာတွေ့ပြီလို့ဆို အဲအေးရှား လေယာဉ် ပျက် ရှာတွေ့ပြီလို့ဆို Reviewed by သစ်ထူးလွင် on 17:25 Rating: 5
Powered by Blogger.