ပုံစာ -ဆိုင်းဘုတ်ထောင်ထားသည့် ဥဒေါင်းနယ်မြေရဲကင်းမြေနေရာ။ |
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ဥဒေါင်း ကျေးရွာတွင် နယ်မြေ ရဲကင်း အတွက် သိမ်းယူ ထားသည့် မြေနေရာကို ပြန်လိုချင်သည်ဟု မူလအမည်ပေါက် ပိုင်ရှင်များက ပြောဆိုပြီး ၎င်းကိစ္စရပ်များ အတွက် ပြည်သူ့ လွတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစေအွာနှင့် ဆက်သွယ် ဆောင်ရွက်မှုများ ပြုလုပ်နေသည်ဟု သိရှိရသည်။
မူလအမည်ပေါက်ပိုင်ရှင်များမှာ ဦးပုတို-နောင်လာဟွေ-ဦးစိန်ရွှေ- နောင်ဒါးဘူ တို့ဖြစ်ပြီ အသားလွတ်မြေအသိမ်းခံရခြင်းဖြစ်သည်ဟုလည်း မြေပိုင်ရှင်များကဆိုသည်။
ယခင်ကရဲတပ်ဖွဲ့ဝင်များစခန်းထိုင်သည့် အဆိုပါ ဥဒေါင်းနယ်မြေရဲကင်းနေရာတွင် ယခုအခါ ရဲတပ်ဖွဲ့ဝင်များစခန်းထိုင်ခြင်းမရှိတော့ဘဲ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဆိုင်းဘုတ်တင်ကာ မြေနေရာကို ရယူထားသည်မှာဆယ်စုနှစ်တခုကျော်သွားပြီးဟု ဒေသခံများက ပြောဆိုကြသည်။
ဥဒေါင်းနယ်မြေရဲကင်းတည်ရှိရာနေရာသည် လှိုင်းဘွဲမြို့နယ်နှင့်ဘားအံမြို့နယ်အစ သံလွင်မြစ်ကမ်းနဖူးပေါ်တွင် တည်ရှိသည်။
သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား(မီဒီယာ)
https://www.facebook.com/profile.php?id=100004061645399
အသိမ်းခံရသည့်မြေ ပြန်လိုချင်သည်ဟု မူလပိုင်ရှင်များပြောဆို
Reviewed by သစ်ထူးလွင်
on
21:47
Rating: