အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

သတင်းဓာတ်ပုံ – ကျော်ဇေယျာဝင်း
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို ဒီဇင်ဘာလ ၃၀ ရက်နေ့ နေ့လည် ၁၁ နာရီခွဲမှာ ပြုလုပ်ခဲ့ပါတယ်။

“ပဋိပက္ခဆိုတာ နှစ်ဖက်နဲ့ဆိုတဲ့ ကိစ္စပေါ့။ တစ်ဖက်ကိုကြည့်ပြီးတော့ ဒီလိုနေ၊ ဟိုလိုနေ၊ ဟိုလိုလုပ်ဒီလိုလုပ်လို့ပြောလို့ဘယ်ဖြစ်မလဲ။ နံပါတ် ၁ ဘယ်လိုမှလွှဲရှောင်လို့မရတဲ့ကိစ္စကတော့ အမျိုးသမီးတစ်ယောက်က အသက်ဆုံးရှူံးသွားရပြီ။ လူတစ်ယောက်ရဲ့ အသက်ကတန်ဖိုးဖြတ်လို့ရတဲ့ဟာ မဟုတ်ဘူး။ ဒီဟာနဲ့ ပတ်သတ်လို့ အာဏာပိုင်တွေအနေနဲ့ မှန်မှန်ကန်ကန်ထိထိရောက်ရောက် အရေးယူဖို့ဟာ လုပ်ကိုလုပ်ရမယ်။ နိုင်ငံသားများရဲ့အခွင့်အရေးကိုကာကွယ်သောအားဖြင့်ကို လုပ်ရမယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/75529

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် Reviewed by သစ်ထူးလွင် on 17:14 Rating: 5
Powered by Blogger.