တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် လက်ပံတောင်းအရေး ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ် ဖြစ်


လက်ပံတောင်း အရေးမှာ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးရတဲ့ ဖြစ်ရပ်အပေါ် အမှုမှန် ပေါ်ပေါက်ရေးနဲ့ ကြေးနီစီမံကိန်း ရပ်ဆိုင်း ပေးရေး အတွက် တောင်းဆို ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တို့ ရန်ကုန်မြို့ တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းက ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပွား ခဲ့ပါတယ်။

ဒီဇင်ဘာ ၂၉  ရက်နေ့က နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေကို လက်ပံတောင်း အရေး အတွက် ဒဂုံမြို့နယ်က တရုတ်သံရုံးရှေ့ကို ဖြတ်လျှောက် ဆန္ဒပြဖို့ ခွင့်တောင်းတာကို လုံခြုံရေး ယူထားတဲ့ ရဲတပ်ဖွဲ့က ခွင့်မပြုတဲ့အတွက် ဖြတ်ကျော်ဖို့ ကြိုးစားရာကနေ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တာပါ။

အခုလို တင်းမာမှုတွေ ဖြစ်ပွားခဲ့ပေမယ့် နှစ်ဖက်စလုံးမှာ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ဘဲ အေးအေးချမ်းချမ်းနဲ့ ပြီးဆုံးခဲ့ပါတယ်။ လက်ပံတောင်းအရေး ဆန္ဒပြသူတွေကို ၀မ်ပေါင် ကုမ္ပဏီ ထွက်သွား၊ လူသတ်အစိုးရ အလိုမရှိစတာတွေကို ကြွေးကြော်ခဲ့ပါတယ်။

ဆန္ဒပြပွဲကို နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ ဒီမိုကရေစီအင်အားစုတွေ ပူးပေါင်း ပါဝင်ခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/75471
တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် လက်ပံတောင်းအရေး ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ် ဖြစ် တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် လက်ပံတောင်းအရေး ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ် ဖြစ် Reviewed by သစ်ထူးလွင် on 09:45 Rating: 5
Powered by Blogger.