၁၂ ကြိမ်မြောက် ပြည်ထောင်စု လွှတ်တော် အပါအ၀င် လွှတ်တော် အသီးသီးကို လာမယ့် ဇန်န၀ါရီ ၁၉ ရက်နေ့မှာ စတင်ယူခေါ် သွားမယ်လို့ အစိုးရက သတင်းထုတ်ပြန် လိုက်ပါတယ်။ အခု ပြန်စမယ့် လွှတ်တော်မှာတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်း တင်သွင်းပြီး မဲခွဲဆုံးဖြတ်ကြဖို့လည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးတွေကိုတော့ နိုဝင်ဘာ ၂၈ ရက်နေ့မှာ ရပ်နားခဲ့ပြီး ဖွဲ့စည်းပုံပြင်ရေး ဆွေးနွေးခဲ့ကြသလို ၆ ပွင့်ဆိုင် တွေ့ဆုံဖို့အတွက်လည်း ဆုံးဖြတ်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် လွှတ်တော်အမတ်တွေကို လစာ ၁၀ သိန်းပေးဖို့ နေ့တွက်စရိတ်တွေကိုလည်း တနေ့ ကျပ် ၂ သောင်းပေးဖို့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့ပါတယ်။
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အမတ်တွေ လစာတိုးဖို့ ဆုံးဖြတ်ခဲ့သလို ပြည်နယ်တိုင်း အမတ်တွေလစာ ကျပ် ၅ သိန်းတိုးပေးဖို့နဲ့ နေ့တွက်စရိတ် ကျပ် ၂ သောင်းတိုးဖို့လည်း ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့ပါတယ်။
By ဒီဗွီဘီ
http://burmese.dvb.no/archives/75381
၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လွှတ်တော်အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်မည်
Reviewed by သစ်ထူးလွင်
on
09:36
Rating: