ၾသစေၾတးလ် ကွမ်းတက်စ်လေယာဉ် ၄ စီး စက်ချွတ်ယွင်း၊ အရေးပေါ်ဆင်းသက်


သြစတြေးလျ နိုင်ငံရဲ့ အကြီးဆုံး လေကြောင်း လိုင်းဖြစ်တဲ့ ကွမ်းတက်စ်(Qantas) လေကြောင်းလိုင်းဟာ ၂ ရက်အတွင်း လေယာဉ် ၄ စီး စက်ချွတ်ယွင်းမှု ဖြစ်ပြီး အရေးပေါ် ဆင်းသက်ခဲ့ ရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်နေ့က တက်မေးနီးရှား ပြည်နယ် ဟိုဘတ်တ်(Hobart) မြို့ကနေ မဲလ်ဘုန်းမြို့ကို ပျံသန်းတဲ့ ဘိုရင်း ၇၁၇ လေယာဉ်ဟာ ပျံတက်လာပြီး မိနစ် ၂၀ အကြာမှာ လေယာဉ်ခေါင်းခန်းထဲ စက်ချွတ်ယွင်းမှု ဖြစ်ပြီး ပြန်လှည့်ဆင်းခဲ့ရတာပါ။

ဒီဇင်ဘာ ၈ ရက်နေ့ကလည်း ကွမ်းတက်စ်လေကြောင်းပိုင်လေယာဉ် ၃ စီး စက်ချွတ်ယွင်းမှုတွေ ဖြစ်ပြီး လမ်းကြောင်းပြောင်း၊ ဒါမှမဟုတ်ပြန်လှည့်ဆင်းခဲ့ကြရပါတယ်။

လေကြောင်းလိုင်းကြီး ဖြစ်ပြီး အခုလို ကိစ္စမျိုးတွေ မဖြစ်သင့်ဘူးလို့ ခရီးသည်တွေက ပြစ်တင်ပြောဆိုပါတယ်။

ကွမ်းတက်စ်လေကြောင်းလိုင်းအရာရှိချုပ် အလန် ဂျွိုင်းစ်(Alan Joyce) ကတော့ တခြား လေကြောင်းလိုင်းကြီးတွေနဲ့ ယှဉ်ရင် ကွမ်းတက်စ်လေကြောင်းလိုင်းက လေယာဉ်တွေ ပြန်လှည့်ဆင်းရတာ အရမ်းကို နည်းပါးပါတယ်လို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/73468
သြစတြေးလျ ကွမ်းတက်စ်လေယာဉ် ၄ စီး စက်ချွတ်ယွင်း၊ အရေးပေါ်ဆင်းသက် သြစတြေးလျ ကွမ်းတက်စ်လေယာဉ် ၄ စီး စက်ချွတ်ယွင်း၊ အရေးပေါ်ဆင်းသက် Reviewed by သစ်ထူးလွင် on 10:22 Rating: 5
Powered by Blogger.