ရန်ကုန်-မန္တလေး အမြန်လမ်း ယာဉ်မတော်တဆမှုဖြစ်

တိမ်းမှောက်သွားတဲ့ ပါရာဒိုကား (ဓါတ်ပုံ - Ko kyar Si)
နေပြည်တော် ဒီဇင်ဘာ ၂၉

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၃၂၁/၂) နှင့် (၃၂၁/၃)ကြား (အသွားလမ်း)၌ ဒီဇင်ဘာ ၂၉ ရက် နံနက် ၁ဝ နာရီခွဲခန့်က သာကေတမြို့နယ်နေ ဦးရဲဝင်းအောင် မောင်းနှင်လာသည့် ယာဉ်အမှတ် ၉ဂ/--- Pajero ခဲရောင် ယာဉ်သည် ရှေ့ညာဘက်ဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ Manhole ကို ဝင်တိုက်မိပြီး ပက်လက် အနေအထား တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ယာဉ်ပေါ်၌ အမျိုးသားခြောက်ဦး၊ အမျိုးသမီးလေးဦးတို့ လိုက်ပါ စီးနင်း လာခဲ့ကြောင်း၊ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးမှာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်းနှင့် ဆေးရုံအရောက်တွင် ဒဏ်ရာပြင်းထန်စွာ ရရှိသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့မှာလည်း ထပ်မံသေဆုံး ခဲ့ရသဖြင့် ယင်းကဲ့သို့သော ယာဉ်မတော်တဆဖြစ်စဉ်ကို ပြင်စည်အမြန်လမ်းရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုးဝင်း-SP
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

ရန်ကုန်-မန္တလေး အမြန်လမ်း ယာဉ်မတော်တဆမှုဖြစ် ရန်ကုန်-မန္တလေး အမြန်လမ်း ယာဉ်မတော်တဆမှုဖြစ် Reviewed by သစ်ထူးလွင် on 06:34 Rating: 5
Powered by Blogger.