ရာသီဥတုကြောင့် လမ်းကြောင်းပြောင်းမယ်လို့ ပြောအပြီး အဆက်အသွယ်ပြတ်သွားခဲ့။ |
လေယာဉ်ပေါ်မှာ စုစုပေါင်း ၁၆၂ ဦး ပါသွားပြီး အများစု က အင်ဒိုနီးရှားလူမျိုးတွေ ဖြစ်ပါတယ်။ ခရီးသည် ၁၅၅ ဦး နဲ့ လေယာဉ် အမှုထမ်း ၇ ဦးတို့ လိုက်ပါလာကြတာ ဖြစ်ပါတယ်။
တောင်ကိုရီးယား လူမျိုး သုံးဦး၊ ပြင်သစ်၊ မလေးရှားနဲ့ စင်္ကာပူလူမျိုး တစ်ဦးစီ ပါတယ်လို့ လေကြောင်းလိုင်းက သတင်းထုတ်ပြန်ပါတယ်။
အဆက်အသွယ် မပြတ်မီ လေယာဉ်ဆီက ရာသီဥတုဆိုးလို့ လမ်းကြောင်းပြောင်း ပျံသန်းခွင့်တောင်းခံတာလည်း လက်ခံရရှီခဲ့တယ်လို့ လေကြောင်း ထိန်းသိမ်းရေး အရာရှိတွေက ပြောပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/12/141228_airasia_loss
AirAsia လေယာဉ် ပျောက်ဆုံးနေ
Reviewed by သစ်ထူးလွင်
on
17:06
Rating: