AIR KBZ လေယာဉ်မှူး တစ်ဦးထံမှ မူးယစ်ဆေးဝါးများဖမ်းမိ

ဓါတ်ပုံ - Yangon Police
ရန်ကုန် ဒီဇင်ဘာ ၂၉

ရန်ကုန်တိုင်း ဒေသကြီး တာမွေမြို့နယ်တွင် ယခုလ ၂၆ရက်၌ ယာဉ်စစ်ပိတ်ဆို့ ဆောင်ရွက်နေစဉ် ယာဉ်အမှတ် 7C/….မတ်တူးအဖြူရောင် ယာဉ်မောင်းနှင်လာသူ AIR KBZ လေယာဉ်မှူးတစ်ဦးထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီး ရမိခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ ယခုလ ၂၆ ရက် နံနက် ၁နာရီတွင် တာမွေမြို့မ ရဲစခန်းမှ ရဲအုပ်ဇော်မြင့်သူနှင့် မူးယစ်တပ်ဖွဲ့စု(၄)မှ ရဲတပ်ကြပ် စိုင်းချစ်ဦးတို့အဖွဲ့သည် တာမွေကြီး (ခ)ရပ်ကွက်ရှိ သမိန်ဗရမ်းလမ်း ပေါ်တွင် ယာဉ်စစ်ပိတ်ဆို့ဆောင်ရွက်နေစဉ် AIR KBZ လေကြောင်းလိုင်းမှလေယာဉ်မှူးကိုဇော်မောင်း နှင်လာသော 7C/…..မတ်တူး အဖြူရောင်ယာဉ်ကို မသင်္ကာ ဖွယ်ရာတွေ့ ရှိသဖြင့် စစ်ဆေးရာမှ ယာဉ်မောင်းထိုင်ခုံပေါ်တွင် ချထားသော Mild Seven စီးကရက်ဘူးခွံအတွင်းမှ အကြည်ရောင် ပလတ်စတစ်ကပ်ခွာအိတ်ဖြင့်ထည့်ထားသည့် ICE အလေးချိန် တစ်ဂရမ်ခန့်ရှိသော အထုပ်တစ်ထုပ်၊ ၄င်းကိုင်ဆောင် သော KZ စာတန်းပါ အညိုရောင်ခေါက် ပိုက်ဆံအိတ်အတွင်းမှ အကြည်ရောင်ပလတ်စတစ်ကပ်ခွာအိတ် ဖြင့် ထုပ်ထား သည့် ICE အမှုန့် များကပ်ညိနေသည့် ကပ်ခွာအိတ်တစ်အိတ်အပြင် ဆေးခြောက်ဟုယူဆရသော အမှုန့်များပါဝင်သည့် နှစ်ဂရမ်ခန့်ရှိသည့် အထုပ်တစ်ထုပ် နှင့် ၄င်း၏ဘောင်းဘီအိတ်ကပ် အတွင်းမှ မူးယစ်ဆေးဝါးရောင်းချရာတွင် အသုံးပြုသည့် ဝ၉---------- နံပါတ်ပါ iphone-5အဖြူရောင်လက်ကိုင်ဖုန်းတစ်လုံးကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ အဆိုပါ မူးယစ်ဆေးဝါးတွေ့ ရှိမှုကိစ္စနှင့် ပတ်သက်၍ ကိုဇော် ဆိုသူအား တာမွေမြို့မရဲစခန်းမှ (တာမွေ) မယ(ပ)၃ဝ/၂ဝ၁၄ မူး/ စိတ်ပုဒ်မ ၁၅/၁၆(ဂ)ဖြင့် ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သိရ သည်။

ရွှေအောင်
The Union Daily
http://uniondaily.net/News/DetailView.aspx…
AIR KBZ လေယာဉ်မှူး တစ်ဦးထံမှ မူးယစ်ဆေးဝါးများဖမ်းမိ AIR KBZ လေယာဉ်မှူး တစ်ဦးထံမှ မူးယစ်ဆေးဝါးများဖမ်းမိ Reviewed by သစ်ထူးလွင် on 19:13 Rating: 5
Powered by Blogger.