ဒီဇင်ဘာ ၂၈၊
အင်ဒိုနီရှားနိုင်ငံ မြို့တော် ဆူရာဘာရာမှ စင်ကာပူနိုင်ငံသို့ ပျံသန်းလာသည့် Air Asia လေကြောင်း လိုင်းမှာ လေယဉ်ခရီးစဉ် အမှတ် QZ8501 မှ ယနေ့နံနက် ပိုင်းမှစတင်ကာ မြေပြင် စခန်းများနှင့် အဆက်သွယ် ပျက်တောက် လျက်ရှိကြောင်း သိရသည်။
အင်ဒိုနီးရှား လေကြောင်းထိန်းချုပ်ရေးစခန်းနှင့် Air Asia လေယဉ်တို့မှာ ယနေ့နံနက်ပိုင်းမှ ယခုအချိန်ထိ အဆက်သွယ်ပြတ်တောက်လျက်ရှိနေခြင်းဖြစ်ပြီး အင်ဒိုနီးရှားအခြေစိုက်မီဒီယာများ၏ပြောကြားချက်အရ ၎င်းလေယဉ်ပေါ်တွင် ခရီးသည်အားဖြင့် လူကြီး ၁၃၀ ဦး၊ ကလေးငယ် ၂၄ ဦး နှင့် နို့စို့အရွယ် ကလေး ငယ် ၁ ဦး ပါဝင်ကြောင်းသိရသည်။ ပျောက်ဆုံးလျက်ရှိသော Air Asia လေယဉ်မှာ Airbus A320-200 အမျိုးစားဖြစ်ပြီး၊ ခရီးသည် ၁၅၅ တွင် အင်ဒိုနီရှာလူမျိုး ၁၄၉ ဦး၊ ကိုရီယား လူမျိုး ၃ ဦးနှင့် စင်ကာပူ၊ မလေးရှားနှင့် ဗြိတိန်နိုင်ငံ သား ၁ ဦးစီပါဝင်သည်။ လက်ရှိအချိန်တွင် စင်ကာပူအစိုးရနှင့် အင်ဒိုနီးရှား အာဏာပိုင်တို့ပူးပေါင်းကာ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် C-130 အမျိုးစား လေယဉ် ၂ စီးကို အဆင်သင့်ပြင်ဆင်ထားလျက်ရှိသည်။ မူလလေယဉ် ပျံသန်းရေးအစီအစဉ်အရ အင်ဒိုနီးရှား ဆူရာဘာရာမှ ယနေ့နံနက် ၅ နာရီ ၃၅ မိနစ်တွင် စတင်ပျံသန်းပြီး စင်ကာပူနိုင်ငံသို့ နံနက် ၈ နာရီ ၃၀ တွင်ဆိုက်ရောက်ရမည်ဖြစ်သော်လည်း ယခုအချိန်ထိ အဆက်သွယ်ပျက်တောက်နေခြင်းဖြစ်သည်။
လေယာဉ်အဆက်သွယ်ပျက်တောက်ရခြင်းသည် လေယဉ်ပျက်ကျခြင်း (သို့မဟုတ်) အခြားသောအကြောင်းရာကြောင့်လား ဆိုသည်ကိုတော့ ယခုအချိန်အထိမသိရှိရသေးပေ။ QZ8501 ပျောက်ဆုံးနေမှုအတွက်လေယဉ်ပေါ်တွင်လိုက်ပါသွားသူများ၏ ဆွေမျိုးသားချင်းများ သတင်းအချက်လက်များမေးမြန်းနိုင်ရန်အတွက် Air Asia မှ Hot Line ဖုန်းနံပါတ် အဖြစ် +622129850801 ကိုဖွင့်လှစ်ပေးထားပြီး ထမ်မံရရှိလာမည့် သတင်းအချက်အလက်များကို Air Asia ၏ ကိုယ်ပိုင်ဝက်ဆိုက် www.airasia.com တွင် ဆက်လက်ဖော်ပြပေးသွားမည်ဟု ထုတ်ပြန်ထားသည်။
အောင်ဟိန်းခိုင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Air Asia လေယဉ်တစ်စီး ပျောက်ဆုံးလျက်ရှိ
Reviewed by သစ်ထူးလွင်
on
17:01
Rating: