အမေရိကန်နိုင်ငံသား Abdul-Rahman Kassig ခေါ် Peter Kassig ကို လည်လှီး သတ်ဖြတ်လိုက်ပြီလို့ IS အစ္စလာမ်မစ် စစ်သွေးကြွ အဖွဲ့က ပြောပါတယ်။
Peter Kassig ဟာ အစ္စလာမ် ဘာသာကို ကူးပြောင်းပြီး Abdul-Rahman Kassig ဆိုတဲ့ နာမည်ကို ခံယူခဲ့သူဖြစ်ပါတယ်။
ဆီးရီးယားနိုင်ငံမှာ ကူညီထောက်ပံ့ရေးတွေ လုပ်ရင်း အရင်နှစ်က ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
ညတုန်းက ထွက်ပေါ်လာတဲ့ ဗီဒီယိုအရ IS အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့က Peter Kassig ရဲ့ အလောင်းကို ပြသထားပါတယ်။ Peter Kassig ဟာ အမေရိကန် စစ်သားဟောင်း ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဆီးရီးယားနိုင်ငံမှာ ကူညီထောက်ပံ့ရေး လုပ်ဆောင်တဲ့ အမှုထမ်း ဖြစ်လာခဲ့ပါတယ်။
အမေရိကန် အာဏာပိုင်တွေကလည်း ဗီဒီယို ထဲမှာ ပြသထားတဲ့ လူဟာ Peter Kassig ရဲ့ အလောင်း ဟုတ်မဟုတ်ဆိုတာကို စုံစမ်းနေပြီး သူ့ရဲ့ မိသားစုတွေကလည်း အာဏာပိုင်တွေရဲ့ အတည်ပြုပေးမှုကို စောင့်ဆိုင်းနေတယ်လို့ ပြောပါတယ်။
IS အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ကနေ တင်ထားတဲ့ အရင် ဗီဒီယိုတွေမှာတော့ ဖမ်းဆီးခံရသူတွေကို စကားပြောခိုင်းလေ့ရှိပေမယ့် ဒီတချီမှာတော့ သေဆုံးနေတဲ့ ပုံကိုသာ ပြသထားပါတယ်။
အဲဒီ ဗီဒီယိုထဲမှာတော့ ဒီပုံတွေကို ဆီးရီးယားနိုင်ငံ Dabiq မြို့မှာ ရိုက်ကူးခဲ့တယ်လို့ ပြောဆိုထားပြီး အဲဒီဗီဒီယို ထဲမှာပဲ ဆီးရီးယား စစ်သား ၁၂ ယောက်လောက် လည်လှီးသတ် ခံရတဲ့ ပုံတွေကိုလည်း ပြသထားပါတယ်။
နယူးယောက်ထိုင်းမ်စ် မှာ ဖော်ပြချက်အရ အဲဒီ ဗီဒီယိုဟာ IS အဖွဲ့က ထုတ်ပြန်ထားတဲ့ ဗီဒီယို အစစ်အမှန် ဖြစ်တယ်လို့ အမေရိကန် အစိုးရက ပြောဆိုကြောင်း ဖော်ပြထားပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-11-17/1390111

![]() |
Peter Kassig ဟာ အစ္စလာမ်ဘာသာ ဝင်ခဲ့ပြီး Abdul Rahman Kassig ဆိုတဲ့ နာမည်ကို ခံယူခဲ့သူ ဖြစ်ပါတယ်။ (Credit: AFP) |
အစ္စလာမ်မစ် အဖွဲ့ Peter Kassig ကိုလည်လှီးသတ်
Reviewed by သစ်ထူးလွင်
on
09:30
Rating: