IS နှင့် အယ်လ်ကိုင်ဒါ အဖွဲ့မှ ခေါင်းဆောင်များ နှစ်ဖွဲ့ ပူးပေါင်းရန် သဘောတူညီမှု ရရှိ

IS နှင့် အယ်လ်ကိုင်ဒါ အဖွဲ့မှ စစ်သွေးကြွ ခေါင်းဆောင်များသည် ဆီးရီးယားနိုင်ငံ မြောက်ပိုင်း၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး တစ်ဖွဲ့အပေါ် တစ်ဖွဲ့က တိုက်ခိုက်ခြင်းများကို ရပ်တန့်ရန်နှင့် ၎င်းတို့အား အတိုက်အခံပြုသူများကို ပူးပေါင်း တိုက်ခိုက်ရန် သဘောတူညီမှု ရရှိခဲ့ကြကြောင်း နိုဝင်ဘာ ၁၄ ရက်တွင် ဆီးရီးယား အတိုက်အခံ အဖွဲ့မှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ အရာရှိ၏ ပြောကြားချက် အရ IS နှင့် အယ်လ်ကိုင်ဒါ အဖွဲ့နှင့် ဆက်စပ်နေသော အယ်လ်နျူဆာတပ်ဦး အဖွဲ့မှ ခေါင်းဆောင်များသည် အလက်ပိုပြည်နယ် အနောက်ဘက် မြို့တစ်မြို့ဖြစ်သော အေတာရက်ဘ်မြို့ တွင်းရှိ လယ်စောင့်အိမ် တစ်လုံးအတွင်း၌ လွန်ခဲ့သည့် ရက်သတ္တပတ် အတွင်းက တွေ့ဆုံဆွေးနွေး ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

IS ခေါင်းဆောင်များနှင့် အယ်လ်နျူဆာ တပ်ဦးအဖွဲ့၏ ခေါင်းဆောင်များ အကြားတွင် ယင်းကဲ့သို့ သဘောတူညီမှု ရရှိခဲ့ခြင်းသည် IS အဖွဲ့အား ချေမှုန်း တိုက်ခိုက်လျက်ရှိသော အမေရိကန် ပြည်ထောင်စု၏ မဟာဗျူဟာမြောက် စီမံကိန်းများ အတွက် အခက်အခဲ များစွာ ဖြစ်ပေါ် စေနိုင်ဖွယ်ရှိကြောင်း သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia?fref=nf


IS နှင့် အယ်လ်ကိုင်ဒါ အဖွဲ့မှ ခေါင်းဆောင်များ နှစ်ဖွဲ့ ပူးပေါင်းရန် သဘောတူညီမှု ရရှိ IS နှင့် အယ်လ်ကိုင်ဒါ အဖွဲ့မှ ခေါင်းဆောင်များ နှစ်ဖွဲ့ ပူးပေါင်းရန် သဘောတူညီမှု ရရှိ Reviewed by သစ်ထူးလွင် on 16:57 Rating: 5
Powered by Blogger.