ရာဇ၀တ်မှုကျူးလွန်သူ ဘာသာရေးခေါင်းဆောင် အား ဖမ်းဆီးရာတွင် ယင်းအား ထောက်ခံသူများက ဆန့်ကျင်တိုက်ခိုက်

နယူးဒေလီ ၊ ၂၀-၁၁-၂၀၁၄

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဟာယားနား ပြည်နယ်တွင် ဘာသာရေး ခေါင်းဆောင် ရမ်ပယ်လ် မာဟာရာဂျေ ကို ထောက်ခံသူများ နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ အကြား နိုဝင်ဘာ ၁၈ ရက်က ပဋိပက္ခ ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

အဆိုပါ ပဋိပက္ခများ ကြောင့် ခြောက်ဦး သေဆုံးပြီး အခြား ၂ဝဝ ဝန်းကျင်ခန့် ထိခိုက် ဒဏ်ရာ ရရှိခဲ့ရာ ၄င်းတို့ အနက် ၁ဝဝ ဦးသည် လုံခြုံရေး တပ်ဖွဲ့ဝင်များ ဖြစ်သည်။

ဖြစ်ပွားပုံမှာ လုံခြုံရေး တပ်ဖွဲ့ဝင် များသည် ရာဇဝတ်မှုများကို ကျူးလွန် ခဲ့သော အဆိုပါ ဘာသာရေး ခေါင်းဆောင် ကို ဖမ်းရန်အတွက် ၄င်း၏ ဘာသာရေး အဆောက်အအုံ အတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ရာမှ ထောက်ခံသူ များနှင့် ၄င်းတို့အကြား ပဋိပက္ခ စတင်ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။

အသက် ၆၃ နှစ်အရွယ်ရှိ ဘာသာရေး ခေါင်းဆောင် ရမ်ပယ်လ် သည် လူသတ်မှုတစ်ခု အပါအဝင် ရာဇဝတ်မှု များစွာကို ကျူးလွန်ခဲ့သူ တစ်ဦးဖြစ်ပြီး ရမ်ပယ်လ် သည် ၄င်းဖမ်းဆီး မခံရရေး အတွက် ပြည်သူများ၏ ယုံကြည်မှုကို အလွဲသုံးစား လုပ်၍ ပြည်သူများကို လူသားဒိုင်း သဖွယ် ခုတုံးလုပ် အသုံးချ နေခြင်း ဖြစ်သည်ဟု လုံခြုံရေး တပ်ဖွဲ့ဝင်များ က ထုတ်ဖော် ပြောကြား ခဲ့သည်။

သို့သော် မိမိတို့ အနေဖြင့် ၄င်း ရာဇဝတ်သားကို ဖမ်းဆီးရမိ သည့်တိုင်အောင် အစွမ်းကုန် ကြိုးပမ်းသွားမည် ဟု အိန္ဒိယရဲတပ်ဖွဲ့ မှ အကြီးအကဲ တစ်ဦးဖြစ်သူ ဗာရှစ် က ပြောကြား ခဲ့သည်။

#PyiChitThar
http://www.pyichitthar.com/2014/11/blog-post_38.html


ရာဇ၀တ်မှုကျူးလွန်သူ ဘာသာရေးခေါင်းဆောင် အား ဖမ်းဆီးရာတွင် ယင်းအား ထောက်ခံသူများက ဆန့်ကျင်တိုက်ခိုက် ရာဇ၀တ်မှုကျူးလွန်သူ ဘာသာရေးခေါင်းဆောင် အား ဖမ်းဆီးရာတွင် ယင်းအား ထောက်ခံသူများက ဆန့်ကျင်တိုက်ခိုက် Reviewed by သစ်ထူးလွင် on 12:15 Rating: 5
Powered by Blogger.